chapter 138

108 25 0
                                    

Chapter 138
Imperial MeowAugust 12, 2023
Chapter 138

ကောင်းကင်နှင့်မြေကြီး





သူက မျက်လုံးများဖွင့်ကြည့်လိုက်ချိန်တွင် ရုတ်တရက်ပင် ထိတ်လန့်စရာကောင်းအောင် သည်းသည်းမည်းမည်း ရွာနေသည့် အပြင်ဘက်မှမိုးအား သတိထားမိသွားရသည်။ပဲသီးအရွယ်ခန့် မိုးစက်များက ကောင်းကင်မှ ကျရောက်လာကြ၏။ဤသည်က ကမ္ဘာမြေတစ်ခုလုံးအား ဖုံးလွှမ်းနေသည့် ခန်းဆီးတစ်ခုနှင့်တူကာ လူများအား နေ့လားညလား မခွဲနိုင်အောင်ပင် ဖြစ်စေ၏။တည်းခိုခန်းပြတင်းပေါက်မှ အဟလေးက လေများဝင်လာသော်လည်း ယခုတွင်ဖြင့် အဟလေးကြားမှ လေတိုက်သံက ကြက်သီးထဖွယ်ငိုသံအား ပေးနေသည်ဟု ခံစားနေရသည်အထိ ပြောင်းသွားလေ၏။လင်းရုဖေးမှာ ဂွမ်းစောင်အား ခြုံထားဆဲဖြစ်ကာ မည်သည့်အချိန်ရှိနေမှန်း မပီမပြင် မေးလိုက်သည်။ 

ကုရွှမ်းတုက နူးနူးညံ့ညံ့လေသံလေးနှင့် ပြောမလာမီ လက်ဆန့်လာကာ သူ့တွင် အဖျားထပ်မရှိကြောင်းသေချာရန် နာဖူးအား ဖွဖွစမ်းလိုက်ရင်း:"ပြန်အိပ်လိုက်ဦး...မိုးသောက်ရောက်ဖို့ စောသေးတယ်"

လင်းရုဖေးမှာ မိုးသည်းနေသဖြင့် သူ့အသံက ဝိုးတဝါးဖြစ်နေသည်။

ကုရွှမ်းတုက ဖြေပေးသည်။ "မိုးသည်းနေတာ"

လင်းရုဖေးက တတွတ်တွတ်ပြောနေသည်။ "မိုးသောက်ရောက်ရင် တိတ်သွားမှာလား"

သူက ဤသည်အား ပြောပြီးသည်နှင့် ထပ်ပြီးပြန်အိပ်ပျော်သွား၏။ကုရွှမ်းတုက တစ်ခုခုဖြေလိုက်ပုံရှိသော်လည်း သူတကယ်ပင် မမှတ်မိတော့ချေ။

နောက်တစ်နေ့မနက်တွင် လင်းရုဖေးမှာ ဖူဟွား၏တံခါးခေါက်သံကြောင့် နိုးထလာရသည်။

ဖူဟွားက ပြောလာသည်။ "ကုန်းဇီ..နေ့လည်တောင်ရှိတော့မယ်...ထလာပြီး ပြန်မအိပ်ခင် တစ်ခုခုစားလိုက်တာ ကောင်းမယ်နော်...."

လင်းရုဖေးက တုံဏိဘာဝေထိုင်နေပြီး ဖြေလိုက်သည်။

"နေ့လည်ရှိပြီလား"

သူက ပြတင်းပေါက်အပြင်သို့ ကြည့်ရန် ခေါင်းလှည့်လိုက်ပြီး:"မိုး မတိတ်သေးဘူးလား"

ဆောင်းနှင်းဓါးထက်ချယ်ရီဝေWhere stories live. Discover now