chapter 142

178 29 0
                                    

Chapter 142
Imperial MeowAugust 16, 2023
Chapter 142

ရှဲယိကျစ်

───────

ရှဲယီကျစ်က အံ့အားသင့်သွားပြီး "မင်းရဲ့ဥကို ခိုးယူနိုင်တဲ့သူရှိ​သေးတယ်လား"

ချီယွီ: "... ..."

ရှဲယိကျစ်က ခဏလောက်စဉ်းစားပြီးနောက် “မင်းက ငါထင်ထားသလောက် အစွမ်းထက်မဲ့ပုံလည်းမပေါ်ဘူး"

ချီယွီသည် ရှဲယိကျစ်ဆီသို့ နောက်တစ်ကြိမ် ခုန်ဝင်သွားပြီး သူ ပြန်ထလာသောအခါတွင် ရှဲယိကျစ်၏မျက်နှာတွင် သွေးအနည်းငယ် စွန်းထင်းသွားချေပြီ။ ရှဲယိကျစ်၏အစီအစဥ်သည် အားကောင်းသော်လည်း သူ၏တိုက်ခိုက်ရေးစွမ်းရည်မှာ အလွန်ဆိုးရွားပုံရသည်။ ရှဲယိကျစ်သည် ပြန်လည်ခုခံနိုင်စွမ်းမရှိဘဲ ချီယွီ၏နင်းချေခြင်းခံလိုက်ရပြီး နာကျင်စွာအော်ဟစ်ကာ မြေပြင်ပေါ်တွင်သာ လဲလျောင်းနေနိုင်တော့သည်။

လင်းရု​ဖေးက ရှဲယိကျစ်ကို အလွန်အသိအမှတ်ပြုသည်။ စကားလုံးတိုင်းဖြင့် ချီယွီ၏နာကျင်စရာအချက်များကို ထိုးဆွနိုင်သော ရှဲယိကျစ်၏စွမ်းရည်ကို သူအတော်သဘောကျမိသည်။

လင်းရု​ဖေးက ထိုကိစ္စကို စဉ်းစားပြီး နောက်ဆုံးတွင် သူ့ကိုယ်သူ မိတ်ဆက်ရန် ဆုံးဖြတ်လိုက်သည်။ ရှဲယိကျစ်သည်လည်း လင်းမိသားစုအကြောင်းကို သိသော်လည်း သူ့ရှေ့ရှိလူသည် လင်းရု​ဖေးဖြစ်​ကြောင်း ကြားလိုက်ရ​သောအခါ အနည်းငယ် အံ့ဩသွားသည်။

“လင်းရု​ဖေးရဲ့နာမည်ကို ကြားဖူးတာ ကြာပါပြီ အဖေက အိမ်မှာစောင့်နေတယ် ​ဘာလို့ လင်းကုန်းဇီက ဒီမှာ အကြာကြီးနေ ​နေရတာလဲ"

သူ့စိတ်ထဲတွင် လင်းရုဖေးက သူ့ကိုယ်သူ တွေးမိသည်။ မင်းဘယ်လိုတောင် မေးရဲတာလဲ အားလုံးက မင်းကြောင့်ပဲ​လေ။

သူသည် လက်ဆန့်ထုတ်ကာ ပြတင်းပေါက်ကို ညွှန်ပြလိုက်ပြီး “ငါ ​လိုချင်တဲ့ လှေကို ငှားလို့မရသေးဘူး"

ရှဲယိကျစ်က နားမလည်သောကြောင့် ​မေးလိုက်၏။

“ဘာလို့ မင်းက လှေလိုချင်တာလဲ"

ဆောင်းနှင်းဓါးထက်ချယ်ရီဝေWhere stories live. Discover now