Chapter.2 (GOD)

13 2 0
                                    

             Chapter.2

                  GOD
                      (နတ်ဘုရား)

သူဒီကိုတာဝန်နဲ့ပြောင်းရွှေ့လက်ခံခဲ့တာမှန်သွားသည်။ အေးချမ်း ဆိတ်ငြိမ်သည့်အပြင် ရာသီဥတုကလည်းသူ့အကြိုက်အုံ့မှိုုင်းမှ်ိုင်းခပ်အေးအေး ငြိမ့်ငြိမ့်လေးမို့ ယမကာကြိုက်သောသူ့အတွက် ရွှေဖြစ်သောရာသီဥတုပင်။

ကြီးမားထူထပ်လှသော အမြဲစိမ်းသစ်တောကြီး၏ဟိုဘက်မှာတွင်တော့ သူယခုသွားရောက်ဆေးကုသပေးရမည့်၊ တစ်နည်းအားဖြင့်ဆေးမှူးအဖြစ် အထက်မှပြောင်းရွှေ့စာမကျမချင်းတာဝန်ထမ်းဆောင်ရမည့်ရွာပင်။ သူ့လိုလူအဖို့တော့ ယခုလိုပြောင်းရွှေ့ခံရခြင်းသည်ပင်ခပ်ကောင်းကောင်း၊လုပ်ခဲ့သော မကောင်းမှုများနှင့်နှိုင်းစာလျှင် မပြောပလောက်ဟုပင် သူထင်မြင်နေမိသည်။

အမှန်ဆိုလျှင်သူ၏ရာဂအားကြီးသောပင်ကိုယ်စရိုက်ကိုမထိန်းချုပ်ပဲလွှတ်ထား၍သာ ယခုလိုလူမှုရေးပြဿနာများတက်ခဲ့ခြင်းပင်။ မိန်းမပွေသော အမှု၊ လုပ်ဖောင်ကိုင်ဖက်ချင်း ရန်လိုတိုက်ခိုက်မှု၊ အဆိုးဆုံးက သူ၏အထက်အရာရှိဇနီးအား ကြာခိုရန်ကြိုးစားအားထုတ်မှုတို့ကြောင့် ယခုလိုဌာနပြောင်းရွှေ့ကာ ဝေးလံခေါင်သီသော အရပ်သို့ တာဝန်ရွှေ့ပြောင်းထမ်းဆောင်ရခြင်းပါပေ။

လက်ပူးလက်ကြပ်မမိခြင်း၊ အစကတည်းက ငွေကြေးရှိသူမို့ ငွေများတရားနိုင်လုပ်နိုင်ခဲ့ခြင်းတို့ကြောင့်သာယခုလောက်နှင့်ပြီးစီးခဲ့ပြီး ထောင်တန်းကမကျခဲ့ခြင်းဖြစ်ပေ၏။

နေဝင်စဖြစ်သည့်အပြင် သစ်ပင်ကြီးများမှာလည်း အချို့အပင်များမှာ အိမ်တစ်ဆောင်လောက်ကြီးမားလှကာ ခပ်အုပ်အုပ်ညို့ညို့လေးဖြစ်နေသည့်အပြင် သားကောင်ငယ်များ၊ပုရစ်သံ၊ဖားအော်သံ စသည်တို့ကအစ မကြားရပဲ တောတစ်ခုလုံးတိတ်ဆိတ်ခြောက်ကပ်နေကာ သူ၏နင်းလျှောက်သွားသော ခြေသံ၊ တောတိုးသံများသာ ဆူညံစွာထွက်ပေါ်နေလေသည်။

"ဟူး... "

သက်ပြင်းကိုချ လေပူများမှုတ်ထုတ်ရင်း ရှေ့တူရူသို့ အားယူ၍မျှော်ကြည့်လိုက်သည်။ ညနေ ၆နာရီထိုးသော်လည်း နေဝင်စောသောအရပ်ဖြစ်သဖြင့် မြူအချို့ရစ်ဆိုင်းနေကာ ရှေ့သို့ဝါးတစ်ရိုက်ခန့်သာ မှုန်မှိုင်းမှိုင်းမြင်တွေ့ရလေသည်။

Stories For Long Nights Where stories live. Discover now