Chapter.4 (ချစ်တဲ့သူအရိုး)

11 1 0
                                    

Chapter .4

(ချစ်တဲ့သူအရိုး)

"တောက် "

ကျယ်လောင်သောသူ၏တောက်ခတ်သံကြောင့် Bartender လေးပင်လန့်ပြီးတုန်ကနဲဖြစ်သွားရလေ၏။  ထိုတော့မှသူလည်းအားတုံ့အားနာဖြစ်သွားပြီးကိုယ်ရှိန်သပ်ရင်း "အဟမ်း" ဟုအသံကျယ်ကျယ်ချောင်းဟန့်လိုက်လေ၏။

"ဆရာ.... ဘာများအဆင်မပြေဖြစ်လဲဆရာ Booze တွေက လုံးဝစကော့စစ်စစ်တွေပါဆရာရဲ့ ဆရာ့ကြည့်ရတာ နှလုံးလမ်းကြောင်းကျွန်းပေါက်လ်ို့ ခွန်းတောက်တောင်မရွတ်နိုင်တဲ့ လူရွှင်တော်အိုကြီးလိုဖြစ်နေလို့ ကျွန်တော်က အဆင်ပြေအောင်လုပ်ပေးမလို့ပါဆရာ"

ခပ်နောက်နောက်ပြောလိုက်သော bartender လေးကြောင့်သူစိတ်အနည်းငယ်ကြည်သွားပြီး

"အေးကွာ... ခပ်ပြင်းပြင်းလေး စပ်စမ်းပါဦး"

ကောင်လေးက ခပ်ပြုံးပြုံးလေးဖြင့် သူ့လက်ထဲတွင်ကိုင်ထားသော muddlerလေးအား လေထဲတစ်ပတ် ပစ်မြှောက်လိုက်ပြီး အခြားလက်တစ်ဖက်ဖြင့် ဖမ်းလိုက်ပြီး cocktail shaker ထဲသို့ထိုးစိုက်လေ၏။

ထို့နောက်သူ၏နောက်ရှိပလင်းများအား ကျင်လည်စွာ ဆပ်ကပ်ထဲရှိလူရွှင်တော်များကဲ့သို့လေထဲပစ်မြှောက်ကစားပြရင်း shaker ထဲသို့ အမယ်တစ်မျိုးချင်းစီကို အဝေးမှပစ်ထည့်ပြလေတော့၏။

" ဆရာဟာ အသဲကွဲနေပေမယ့် ညှိုးငယ်မနေဘူး ဒေါသတွေ မာနတွေနဲ့ တောက်လောင်ပြီး မခံချိမခံသာဖြစ်နေတာ "

ကောင်လေး၏မျက်လုံးများက ပြောနေရင်းအရောင်များတလက်လက်တောက်လာသည်ဟုပင်သူထင်မြင်မိသည်။ သူ မူးနေပြီလားဟုပင်ထင်မြင်လာမိ၏။

" ဆရာ့အတွက် Broken Heart Martiniပါ... သူဟာ နှလုံးအိမ်ကိုခေတ္တတော့ပူသွားစေပြီး မကြာခင်မှာ ငြိမ့်ညောင်း လာတဲ့အတွက် ဆရာ့အတွက် အဓိပ္ပာယ်ရှိမှာပါ ...သကြားဟာ anxiety ကိုကျစေပါတယ်chocolate liqueur ကို ၁အောင်စထိထည့်ထားတဲ့အပြင် Kurant Vodka ကြောင့်ဆရာဟာ နှလုံးအိမ်တဖြည်းဖြည်းချင်း တည်ငြိမ်လာပြီး အမှန်တရားကိုရင်ဆိုင်လာနိုင်မှာပါ ... ဟုတ်တယ်မလား မမ တစ်ဖနီ "

ကောင်လေးက သူ၏ဘေး နှစ်ခုံကျော်တွင်ထိုင်နေသော မှော်ဆန်ဆန်ချောမောလှသည့်အမျိုးသမီးတစ်ယောက်က သူမ၏သောက်လက်စခွက်အား ပြန်လည်မြှောက်ပြရင်း ပြုံးပြနှုတ်ဆက်နေလေသည်။ ထိုတော့မှ ပတ်ဝန်းကျင်ကိုပြန်လည်သတိထားမိသွားပြီး ဖော်ရွေစွာပြုံးပြ၍ခေါင်းညိမ့်ပြလိုက်လေသည်။

Stories For Long Nights Where stories live. Discover now