Chapter.10(Murder at the lighthouse)

6 1 0
                                    

Chapter.10
"The Murder at the Light House "

ပင်လယ်ရေပြင်အားရှပ်ပြေးကာ တိုက်ခတ်လာနေသော သဲပွင့်ရနံ့ နှင့်ရောနှောကာ ခပ်သင်းသင်းလေး ဖြစ်နေသောကြောင့် နောက်ကျိနေသော စိတ်အစဉ်တို့အား အနည်းငယ်ပြန်လည်ကြည်လင်ဝင်းပလာအောင် စွမ်းဆောင်နိုင်ပေသည်တမုံ့။

ဟိုမှာ သည်မှာဝဲပျံနေသော ပင်လယ်ဇင်ယော်များ၏ အော်သံနှင့် လှုပ်ရှား ပျံသန်းနေသည့် မြင်ကွင်းများ အား ပင့်သက်ရှိုက်ငေးကြည့်ရင်းလေကိုတစ်ဝကြီးရှူသွင်းပြီး "ဟူး" ကနဲ လေပူများကိုမှုတ်ထုတ်လိုက်ရမိ၏။ ဟိုဆီ ဒီဆီ မျှော်ကြည့်လိုက်တော့ ပင်လယ်စင်ရော်  တစ်ကောင်တလေက " ဂူးဂူးဂဲဂဲ ကျီကျီကျာကျာ" အော်ဟစ် အသံပေးလျက် မြူခိုးများဝေ့ဝဲနေသော ပင်လယ်ပြင်ထက် တစ်ကောင်နှင့်တစ်ကောင် အသံပေးကာ အစုအဖွဲ့မကွဲစေရန် သတိပေးနေသည့်အလား။

မြူများပိန်းပိတ်နေသည့်ပင်လယ်ပြင်အနီး ကမ်းစပ်ကျောက်ဆောင်တွင်မတော့ အထီးကျန်ဆန်သော လူတစ်ယောက် မတ်တပ်ရပ်ကာ အပြောကျယ်သော ပင်လယ်ပြင်ဆီသို့ ငေးမောနေသယောင် "မီးပြတိုက်" တစ်ခုက သူ့အားဆီးကြိုနေသည့်နှယ်။ အချိန်နရီအားစေ့ငုရန် ခန္ဓာကိုယ်အနှံ့ရှာဖွေကြည့်ရာ မတွေ့ရ။ မှောင်စပြုလာသော ဝန်းကျင်အခြေအနေကိုပေါ်မူတည်ပြီး အကဲခတ်ရမည်ဆိုလျှင် ညခင်းအချိန်အခါ ၆နာရီနှင့်ခုနှစ်နာရီကြား ရှိနေပေလိမ့်မည်ဟု သူခန့်မှန်းလိုက်သည်။

မီးပြတိုက်မှာ အိုမင်းဟောင်းနွမ်းနေပြီး တံခါးရွက်နှစ်ဖက်ရှိ လက်ကိုင် ကိုင်းနှစ််ခုမှာ  " ပဥ္စရူပ " သတ္တဝါ၏အသွင်အား ကြေးနှင့်ရွှေ ရောစပ်ကာ တစ်ကောင်နှင့်တစ်ကောင် ရန်ဆောင်နေဟန်အား ထုလုပ်ထားရာ လက်ရာမှာ အလွန်သေသပ် လှပလေပြီး  ယခုပင် တစ်ကောင်နှင့်တစ်ကောင်

"ပဥ္စရူပ "သတ္တဝါဆိုသည်မှာ မြန်မာ ဒဏ္ဏာရီလာ သတ္တဝါတစ်မျိုးဖြစ်၏။ ထိုသတ္တဝါသည်  ဆင်နှာမောင်း၊ ဆင်၏အစွယ် ကျောရိုးတစ်လျှောက် မာကျောသော အကြေးခွံ၊ ထိုမှတစ်ဖန် အမြီးပိုင်းတွင်တော့ ငါးကြင်း၏အမြီး ၊ တိုးကောင် ဦးချို၊ မြင်းခွါ၊ မြင်းလက် ၊ ဟင်္သာငှက်၏ အတောင်  စသည့် သတ္တဝါ ၅ မျိုး၏အစိတ်အပိုင်းများ ပေါင်းစပ်ပါရှိသည့် ဒဏ္ဏာရီလာ သတ္တဝါပင်။

Stories For Long Nights Where stories live. Discover now