Chapter.8( My Funeral)

6 1 0
                                    

Chapter.8
                (ကျွန်တော့်ရဲ့ စျာပန)

ဆိတ်သုဉ်းခြင်းနှင့် တည်ဆောက်ထားသော ပျက်စီးလွယ်သည့် ဖြစ်တည်မှုတွေကို မယုံကြည်သောကြောင့် အရာအားလုံးအား ကျွန်ုပ် ခဝါချခဲ့လေပြီ။

ဘဝတစ်ခုပြီးဆုံးဖို့ရာ... "ရှင်သန်ခြင်း" ဟူသော ခန်းဆီးလိုက်ကာလေးကိုပိတ်လိုက်ဖို့သာလိုအပ်ပေသည်။ ထို့နောက် ပြတ်သားစွာ ကျောခိုင်းထွက်ခွါခဲ့ဖို့လိုအပ်သော်လည်း ခန်းဆီးလိုက်ကာအားမပိတ်ပဲ ပြတင်းတံခါးမှ မြင်ကွင်းများအား ဆက်လက်ငေးမောနေမည်ဆိုပါက အဘယ်မှာ ပြည်ဖုံးကားချနိုင်တော့အံ့နည်း။

လူတစ်ယောက်၏ ဝိညာဉ် အလေးချိန်သည် ၂၁.၃ ဂရမ် မှ ၃၀ ဂရမ် ခန့်ရှိသည်ဟု ခရစ်နှစ် ၁၉၀၇ ခုနှစ်တွင် သိပ္ပံပညာရှင် duncan Macdougall က စမ်းသပ်အဖြေရှာခဲ့လေ၏။
သို့သော် အတ္တများစွာထုပ်ပိုးပြီး သိမ်းဆည်းလာခဲ့သော ကျွန်ုပ်အဖို့ ကျွန်ုပ်၏ နာမ်ခန္ဓာမှာ ထိုထက်မက လေးနေပေလိမ့် ဟု ထိုအဖိုးကြီးအား ငြင်းဆိုချင်ပါသည်။

သို့ပါသော်ငြား...ကျွန်ုပ်မှာ ငြင်းဆိုခွင့်မရတော့။ ကျွန်ုပ် သေဆုံးခဲ့လေပြီ။ အောက်လင်းမီးမှိန်ပျပျအောက် ဝတ်လစ်စလစ် ခန္ဓာတစ်ခုက အေးစက်တောင့်တင်းစွာ ဆိတ်ငြိမ်...

"ဆရာ...ကြိုးကတုပ်လ်ို့မရဘူးဆရာခြေပြန်ပြန်ရုန်းနေတယ် ဒီလူတကယ်သေတာရောဟုတ်ရဲ့လား.... မကျွတ်တာလားမသိဘူး သူ့bodyသူစွဲနေတယ်ထင်တယ်"

အကူလေးက အကြိမ်ကြိမ်ချည်လိုက်တိုင်း တဖြောင်းဖြောင်း ပြန်ရုန်းနေသော ရေခဲတမျှအေးစက်နေသည့် ကျွန်ုပ်၏ အပြစ်မဲ့ ခြေမတစ်စုံအား အပြစ်တင်ဟန်ဖြင့်ညည်းညူလိုက်လေ၏။

" သူကငါ့မိတ်ဆွေပါ... အင်း... ငါ့မိတ်ဆွေဆိုတာထက် ပိုပါတယ်... သူကငါ့ကိုအသိဝင်အောင် စကားတွေအများကြီးပြောပေးသွားတာ"

ဆရာဟုအခေါ်ခံရသူ က ခွဲခန်းသုံးကရိိယာများအား ရွေးကာ သေချာပိုးသတ်နေရင်း မှ ကျွန်ုပ်၏ ကမ္မဌာန်းကောင်အားကြည့်၍ ပြုံးလိုက်ပြီး

"ထားလိုက်ပါ... ဒီလူက ဘောင်တွေခတ်တာ...သူ့ကိုချည်နှောင်တာမကြိုက်ဘူး... သူလွတ်လွတ်လပ်လပ် နေပါစေ၊ သူ့နောက်ဆုံးခရီးကိုသူအဆင်ပြေသလိုသွားပါစေ အောင်ချစ်"

Stories For Long Nights Where stories live. Discover now