Chapte.9(Black Eyed Susan)

10 1 0
                                    

အပိုင်း-၉ တင်ဖို့ မှိိုင်းညို့ညို့ Vibe လေးရပါစေဆုတောင်းနေတာ  Susan အတွက် ဆုတောင်းပြည့်တယ်ထင်ပါတယ်။

တစ်နေကုန်နေပူနေရာကနေညနေကျမိုးမဲကြီးရွာချလိုက်တယ် ။

Chapter-9 ကိုဖတ်ပြီး ကျွန်တော် အချိန်ယူနေတဲ့ကာလအတွက် စောင့်ရကျိုးနပ်မယ်လို့လည်းမျှော်လင့်ပါတယ်။

Stories For Long Nights
Chatper- 9
Black Eyed Susan

Chapter -9

Black Eyed Susan

မှိုင်းညို့ညို့ ရာသီဥတုက ကျောင်းပရဝုဏ်တစ်ဝိုက်တွင်ရှိသော သစ်ပုပ်ပင်၊ သံချေးတက်စပြုနေသော ကျောင်းသားများဆော့ကစားကွင်းအင်္ဂါရပ်များ ဖြစ်သည့်ဆီးဆော၊ဒန်းနှင့်လျှောတို့ မှာ လေတိုက်လိုက်တိုင်း တကျွီကျွီ ယိမ်းခါနေလေ၏။

အထက်ဝန်းကျင်ဆီကလည်းမဲမှောင်လာကာ ပန်းလျှပ်ပန်းနွယ်များတဝင်းဝင်းဖြင့် အာကာတစ်ခွင်လုံးအား "ဂျိန်း" ကနဲ "ဂျိန်း" ကနဲဖြင့် ဒေါသမာန်ဟုန်ပြင်းနေသောမိုးဒေဝါက လောကတခွင်လုံးအား ဗြောင်းဆန်အောင်လှုပ်ခါတော့မည့်နှယ်ပင်။ မကြာမီမှာပင် မိုးစက်မိုးပေါက်များနှင့်အတူ လေပြင်းမုန်တိုင်းများ ဟူးဟူးရားရား တိုက်ခတ်လာလေတော့၏။

သို့သော် ထိုမုန်တိုင်းများအားဥပေက္ခာပြုကာ ဆရာမစာသင်သည်အား လိုက်မကြည့်နိုင်ဘဲ မိုးအေးအေးမို့ ဇိမ်ခပ်ကာ ငိုက်မြည်းသူကငိုက်မြည်း ၊ အချင်းချင်းတွတ်တီ တွတ်တီပြောသူကပြော၊ မုန့်ခိုးစားသူက စား၊ ဆိုရှယ်မီဒိီယာပေါ်မှအတင်းအဖျင်းများအား ပြောသူပြောဖြင့် အသီးသီး မိုးရိပ်ခိုနေကြလေသည်။

"ဟဲ့ဟိုနေ့က (   ) ကျောင်းမီးလောင်တဲ့ကိစ္စက အတော်ကြောက်စရာကောင်းပြီးထူးဆန်းတယ် သိလား ... ဟဲ့ ချွတ် မှုန်မှုန် ငိုက်မနေနဲ့"

ရှေ့ဆုံးဖြစ်သော်လည်း အလင်းသိပ်မရောက်သည့် ထောင့်ဆုံးနေရာတွင် စာအုပ်ကွယ်ကာငိုက်မြည်းနေသော မှုန်မှုန်ဆိုသည့် စာကြည့်မျက်မှန် အထူကြီးနှင့်ကောင်မလေးက တစ်ဖက်ခုံမှ သူငယ်ချင်းဖြစ်သူအား မျက်လုံးသာလှန်ကြည့်၍ "ဆက်ပြော" ဟူသောသဘောဖြင့်မေးငေါ့ပြလိုက်လေသည်။

Stories For Long Nights Où les histoires vivent. Découvrez maintenant