Chapter.3(Vimana) ဗိမာန်ရှင်

14 1 0
                                    


                        Chapter .3
                        (Vimana)

လက်ပြနှုတ်ဆက်သူများကို ကျွန်ုပ်လှည့်မကြည့်ဖြစ်တော့၊ မည်သို့မျှမသက်ဆိုင်တော့ဟု တစ်စုံတစ်ယောက်က သတိပေးနေသလိုလို အသိစိတ်ကလည်းလက်ခံလိုက်ပြီး အသာအယာသာထွက်ခွါလာခဲ့လိုက်သည်။

"မိမိ၏လားရာအဘယ်သို့နည်း"

စိတ်တွေဗလာနတ္တိ ၊ဦးတည်ရာမဲ့လွင့်မျောနေမိတော့သည်။ ထူးဆန်းသည့်တစ်ချက်အား ကျွန်ုပ်သတိထားမိသည်မှာ သွားပင်သွားနေသော်လည်း မောပန်းခြင်းမရှိ၊ လှမ်းနေသည့်ခြေလှမ်းတိုင်းတွင်လည်း မဟာပထဝီမြေကြီးနှင့် ထိတွေ့နေသည်ဟုမထင်ရ၊ ဘာခံစားမှုမျှမရ မတ်တပ်ရပ်ဖြင့်လေထဲလွင့်မျောနေသလိုပင်။

ထို့ပြင်တစ်ဝ ပို၍ဆန်းပြားသောအရာမှာ ကျွန်ုပ်မှာ ဥပမာအားဖြင့်ဆိုရသော်  မိမိ၏ကိုယ်ပိုင်ခန္ဓာအား စိတ်ဖြင့်မောင်းနှင်နိုင်သည့် စီးတော်ယာဉ်အလား

"ဘယ်ဘက်ကိုကွေ့မည်" "ညာဘက်ကိုကွေ့မည်"   စသည်ဖြင့်တွေးတောလိုက်ရုံသာ။ အတော်ပင်ဟန်ကျပါတကား။

ကျွန်ုပ်ကိုယ်ကျွန်ုပ် ကမ္မဇိတ္တိတန်ခိုးများရနေပြီဆိုတာ ခံစားသိလိုက်လေပြီ။

"တယ်ဟုတ်တဲ့ငါပါလား"

ထိုသို့ဖြင့် မြို့၊တိုက်တာ၊အိမ်ခြေများ၊ ယာတောများ၊ တောင်ကုန်းများကျော်ဖြတ်လာခဲ့ပြီး တောတန်းများကိုလည်း ရွေ့လျားလျက်ကျော်ဖြတ်လာခဲ့ပြီးနောက် ဖြူဖွေးစူးရှသောအလင်းတန်းကြီးတစ်ခုကြောင့် ကျွန်ုပ်မျက်စိများကျိန်းစပ်သွားရကား လက်နှစ်ဖက်ဖြင့်တတ် အလင်းတိုးမပေါက်စေရန် တတ်အားသ၍ကာကွယ်ထားလိုက်ရလေတော့၏။

ထို့နောက်ဖြည်းဖြည်းချင်း ကျင့်သားရအောင် မျက်လုံးအား ပုတ််ခတ် ပုတ်ခတ် လုပ်ကာ ဖွင့်ကြည့်လိုက်ရာ ကျွန်ုပ်၏ရှေ့တည့်တည့်တွင် ဗိမာန်တစ်ခုအားဘွားကနဲဆိုသလိုတွေ့ရလေသည်။

ရေငတ်တုန်းရေတွင်းထဲကျသည့်နှယ် ကျွန်ုပ်အားရဝမ်းသာဖြစ်သွားရကား ထိုဗိမာန်လေးအား မိမိအပိုင်ရသည်ကို ရင်ထဲကသိသည်။ ဝမ်းသာကြည်နူးရသည်၊ ကံကြမ္မာကြီးအားကျေးဇူးတင်မိရသည်။

Stories For Long Nights Donde viven las historias. Descúbrelo ahora