Chapter.7
MYAPart.II
နောက်နေ့ ကျွန်တော်နေဖင်ထိုးတာတောင်မနိုးသဖြင့် ဌာနမှတပည့်လေးနှင့် ကိုစိုင်းတို့က ဆေးခန်းပြရအောင်ဟုလာရောက်ခေါ်ငင်ကြရာ ကျွန်တော်လည်း အနည်းငယ်သက်သာနေပြီဖြစ်သည်ကတစ်ကြောင်း၊ ကိုဗစ်ကာလမို့ ဆေးခန်းပြရန်ခက်ခဲသည်ကတစ်ကြောင်းတို့ကြောင့် biogesic လောက်သာ မှီဝဲပြီး ညနေကျ စားဖိုမှူးတို့ အဖွဲ့နှင့် တစ်လုံးတစ်ခြမ်းဟု ခေါ်သော သံပုရာအရက် ကိုင်ထည့်လိုက်ရာ
အဖျားပိုးတို့ဟူသည်မှာ ရောမစစ်တပ်ကြီးချီတက်လာသည်ကို မြင်သော အာမေးနီးယန်းများသဖွယ် ကြက်ပျောက်ငှက်ပျောက် ပျောက်ရလေတော့၏။ထိုနေ့ညက သူတို့နှင့်အဖွဲ့ကျနေရင်း Kitchen ရှိရာ ဘက် စားဖိုမှူးထံမှ သော့တောင်းပြီး အမြည်းအဖြစ် ကြက်ဥကြော်ရန်ထွက်လာခဲ့လေ၏။
"ဂလောင် "
Kitchen ထဲဝင်လိုက်သည်နှင့် နံရံတွင်ချိတ်ထားသော ဒယ်အိုးကြီးအား တစ်စုံတစ်ယောက်က ခေါက်လိုက်သကဲ့သို့ မြည်သံကျယ်ပေးကာစတင်ကြိုဆိုနေလေသည်။
"မင်းတို့ကိစ္စကလည်း... နေရာတကာနော် ဟင်း"
အကြောင်းမူ ကျွန်တော်နှင့်အတူ မီးဖိုဆောင်ထဲတွင် တစ်စုံတစ်ဦးရှိနေသည်ကို ခံစားမိသောကြောင့်ပင်။ ကျွန်တော် အန်တီတို့မိသားစုအတွက် ကော်ဖီ၊အအေးဖျော်သည့် ပြတင်းပေါက်နှင့်ကပ်လျက် tableပေါ်တွင် ကလေးငယ်တစ်ဦး ခြေနှစ်ချောင်းချကာ ထိုခြေထောက်ကို လွှဲယမ်း၍ဆော့နေသည်ကိုမြင်တွေ့ရလေ၏။
ထိုကလေးငယ်၏ခန္ဓာကိုယ်အား ဖောက်ထွင်း၍ ခပ်ယေးယေးမြင်နေရသောကြောင့်သာ ကျွန်တော်မှာ ထိုအရာ ဘာဖြစ်သည်ကို သိရှိရခြင်းဖြစ်ပေသည်။ မဟုတ်လျှင် အန်တီ၏မြေးလေးနှင့်မှားနိုင်ပေသေးသည်။ သားသားမှာလည်း ထိုအရွယ်လောက်လေးဖြစ်သည့်အပြင် ကျွန်တော့်အား "ဦးညံ" ဦးညံ" နှင့် အလွန်တွယ်တာခင်မင်တတ်သောကြောင့်ပါပင်။
"နေ နေရာတကာကွာ...ကြက်ဥလေးကြော်မလို့ပါ စားချင်ရင် နည်းနည်းတင်မြှောက်... အဲလေ ကျွေးပါ့မယ်လို့ "
YOU ARE READING
Stories For Long Nights
HorrorStories For Long Nights အကြောင်း တစေ့တစောင်း တချို့က လုံးချင်းဝတ္ထုလို့ထင်နေလို့ပါ။ လျှို့ဝှက်ဆန်းကြယ်၊ သည်းထိတ်ရင်ဖို ဝတ္ထုတို အပိုင်းလေးတွေ စုစည်းထားတဲ့ စာအုပ်ပါ။ ဘာလို့၊ ဘာကြောင့်၊ ဘယ်တုန်းက၊ ဘယ်နေရာ စသည်ဖြင့် တွေးစရာမလိုပဲ " ဘယာနက" ရသ သီးသန့်...