Chapter.5 (The Reunion Dinner)

6 1 0
                                    

Chapter.5****
မှတ်ချက် ။။အပိုင်း (၂)  ဖြစ်တဲ့ GOD အပိုင်းအား အရင်ဖတ်ရှုပြီးမှသာလျှင်ဤအခန်းဆက်အား နားရည်လည်မည်ဖြစ်ပါသည်။

                 (The Reunion Dinner)

ဤအပိုင်းအား ကျွန်တော့်အစ်ကို ကိုညိုမင်းလွင်၏ "ညစာ" Movie အား Rip Off story အဖြစ် ရေးချင်ပါသည်ဟုဂျီကျကာ အတင်း မဟားဒရား ဒမြတိုက် တောင်းယူလာခြင်းဖြစ်ပါကြောင်း

ကျွန်တော့်ရဲ့ရည်ရွယ်ချက်က အဲ့ဒီကားမှာ ဖြတ်ထုတ်ခံလိုက်ရတဲ့ အနှစ်တွေကမှ ကိုညို့ရဲ့ Plot twisting လုပ်နိုင်စွမ်း၊ ကိုညို့ရဲ့ creative art စစ်စစ်ဖြစ်တယ်ဆိုတာကို ဒါရိုက်တာညိုမင်းလွင်ရဲ့ပရိတ်သတ်တွေကို သိစေချင်သည့်စေတနာအရင်းခံဖြင့် တင်ဆက်လိုက်ရပါတယ်။

အနှစ်သာရရှိတဲ့ Story တွေဆိုတာဟာ မပစ်ပယ်ထားစကောင်း ၊ Fogotten ဖြစ်ဖို့မကောင်းပါဘူး ၊ ဒါ့အပြင်ဤအခန်းဆက်အား ကျွန်တော့်ရဲ့ Story တစ်ခုကို  တည်ဆောက် ကွန့်မြူးနိုင်စွမ်းအား ကြွားဝါလိုခြင်းဟုယူဆလိုပါကလည်း ယူဆနိုင်ပါကြောင်း ။

Thank you Ko Nyo 🤍

##

မောင် ကျွန်မအပေါ်မှားယွင်းနေတာ အတော်ကြာခဲ့ပြီ ... နောက်တစ်နည်းအားဖြင့် ဖွင့်ဆိုရရင် မောင်ကျွန်မကို ဖောက်ပြန်နေတာ လအတန်ကြာခဲ့ပြီ။ ကျွန်မသတိထားမိသည်က မောင့်ရဲ့ဖုန်းထဲက Missed Call တွေ... မောင့်လက်သူကြွယ်ကလက်စွပ်မှာ မင်္ဂလာလက်စွပ် အစား တခါတရံတွေ့ရတတ်သော စ်ိန်လက်စွပ်၏ပေါ်တွင်ထွင်းထားသည့်အက္ခရာ "Y.M"  ...

ကျွန်မ၏ယုတ်လျော့လာသောကျန်းမာရေးက ခန္ဓာကိုယ်အား နောက်ဆက်တွဲတမြေ့မြေ့နှိပ်စက်နေလေပြီ။ ရိုးတွင်းခြင်ဆီများခမ်းခြောက်ကုန်လေပြီလားဟုထင်ရလောက်အောင် နာကျင်ရသောနေ့ရက်များကို ဖြတ်သန်းရ၏။
ဆရာဝန်များရောဂါရှာဖွေမရ၍ လက်လျှော့ရသော ရောဂါဟုသာလက်ခံလိုက်ရသည်။ သူမ၏ထူးဆန်းသောရောဂါအား မှတ်တမ်းပင်တင်ကာ ကမ္ဘာ့ရောဂါရှာဖွေရေးသုတေသနအဖွဲ့အား ဖိုင်တွဲ၍တင်ပို့ရန်ပင်စီသည်အထိပင်။

ပင်မစွမ်းအင်ခမ်းခြောက်သောရောဂါ ဟုသာအလွယ်အမည်ပေးလိုက်သည်... မည်သည့်စွမ်းအင်နည်း။ သူမတစ်ဘဝတစ်လျှောက်လုံး အဆီပိုမရှိခန္ဓာကိုယ်နှင့်ဒေဝစ္စရာဆန်ဆန် ရွှေအဆင်းဝင်းပစိုပြေသောအသားအရည်နှင့် ပစ်ရက်စရာမရှိလှပသော မျက်နှာသွင်ပြင်အားလည်း ပိုင်ဆိုင်ထားလေသည်။ နာမည်ကိုပင် "ကျော့ယမင်း"ဟုမှည့်ထားတာပင်ကြည့်။

Stories For Long Nights Where stories live. Discover now