Chapter.6 (The Libation Party)

10 0 0
                                    



"ဒူတူရူရူးရူ ... တူးရူးရူးရူ ... ဒါ ဒါ ဒီ ဒီ ... "

"အံမယ်... တယ်တက်ကြွနေပါ့လား ကောင်မ.. ဒီညကရော ဘယ်မှာပါတီတုန်း"

သီချင်းလေးတအေးအေးဖြင့် မှန်တင်ခုံရှေ့တွင် ညည့်ငှက်မလေးအသွင် ကပို ကယိုဆန်သော အဝတ်အစားအဖြင့်  အရိုင်းဆန်စွာ လှပနေသော " She" ဆိုသည့် သူမအား သူငယ်ချင်းဖြစ်သူ ချယ်ရီမှ စနောက်ကာဖြင့်မေးလိုက်လေသည်။

သူမက မျက်ကပ်မှန်တပ်နေရင်းမှ..

" ဂျိုနသန့်ညီ bachelor night party လေဟာ... နင်လိုက်မလား လိုက်ခဲ့လေ ဟိုမှာ လူငယ်တွေချည်းပဲဟ ...ဟဲဟဲ... လေထဲပျံမယ်...ခေါင်းတွေခါကြမယ်လေ... ကစ် ကစ် "

သူမက မျက်စိတစ်ဖက်မှိတ်၍ တစ်စုံတစ်ခုအား ကိုက်စားဟန်ဖြင့်

"Chickတွေဆွဲစားမယ်လေ"

ချယ်ရီက ရယ်သွမ်းသွေးလျက် ခေါင်းခါ၍

" တော်ပါဟယ်... နင့်ဟာနင်စားပိုးနင့်အောင်ဝါးစမ်းပါ... ငါတော့သွားကိုက်နေလို့ သားသတ်လွတ်စားလိုက်ပြီ ဟဲဟဲ"

Chick ဆိုသည်မှာ သူမတို့သူငယ်ချင်းများကြားတွင်  ယောကျာ်းလေးများအား သုံးသည့်ဝေါဟာရတစ်ခုပင်။
ယောကျာ်းလေးများက မိန်းကလေးများအပေါ်တွင်သာ သုံးနှုန်းသော  ထိုစကားအားသူမတို့ အနေဖြင့် နိုင့်ထက်စီးနင်းဆန်သည်ဟု အားလုံးပင် တစ်သမတ်တည်း ယူဆကြလေ၏။
ထို့ကြောင့်သူမတို့က တစ်ပြန်တစ်စီး နာမ်နှိမ်သည့်အနေဖြင့် သူမတို့သတ်မှတ်သည့် ထိုဝေါဟာရအား နာမ်စားသုံးခဲ့ကြလေသည်။

သူမတို့အဖွဲ့မှာ စိတ်ဓါတ်တူ၊ အတွေးခေါ်တူ ၊ ကဲတာချင်းလည်းတူ ကြသောကြောင့် အတွဲညီညီပေါင်းသင်း၍ရပေသည်။ ထို့ကြောင့်လည်း သူမတို့ ခြောက်ဦးမှာ ကျောင်းဆောင်တွင်မနေပဲ ငွေကြေးတတ်နိုင်သူများဖြစ်သည့်အားလျော်စွာ ကွန်ဒိုတစ်ခန်းအား စုငှါးကာ ပါတီတက်လိုက်၊ ကျောင်းတက်လိုက်ဖြင့် စာသင်နှစ် အချို့အားကုန်ဆုံးစေခဲ့သည်။

"She" ဟုတင်စားခေါ်ဝေါ်ခံရသည့် ကျောင်း၏အလှဂုဏ်ဆောင် သူမ၊ ဇိုဝီဆိုသော အဆဲသန် အစနောက်သန်သည့်ဆတ်ဆတ်ကြဲမိန်းမပျိုလေး၊ ညဆို ပါတီများတွင် မူးယစ်ဆေးအသုံးလွန်ပြီး မနက်ဆိုလျှင် သေကောင်ပေါင်းလဲ အိပ်တတ်သော "Sarah" ၊ ရည်းစား သုံးယောက်တစ်ပြိုင်တည်းထားထားပြီး round လှည့်နေသော ကလိုဝီ၊ သူမတို့ထဲတွင် စာဂျပိုးဟု အစခံရသော "ဟန်နီ"

Stories For Long Nights Where stories live. Discover now