MYA
Part. III(ဇာတ်သိမ်းပိုင်း)
နောက်ပိုင်းရက်များတွင်တော့ ကျွန်တော့်စိတ်ထဲတွင် ကြောက်စိတ်ဟူ၍မရှိတော့ပဲ နေ့စဉ် အလုပ်သိမ်းချိန် ထမင်းစားဆောင်တွင်ထမင်းစားပြီးတိုင်း သူမအတွက် သေသေချာချာ လူကိုပြင်ပေးသည့်အတိုင်း ထမင်းနှင့်ဟင်း သေချာပြင်ကာ အခန်းရှေ့တွင် တင်ထားတတ်သည့်အကျင့်ကိုရရှ်ိလာခဲ့ရသည်။
တစ်ရက်.... မှတ်မှတ်ရရ ထိုနေ့က အလုပ်တွင်အာရုံနောက်စရာများကြုံရသဖြင့် ကျွန်တော့် အကျင့်ဖြစ်သော စိတ်အဆင်မပြေလျှင် လူတွေနှင့်ခပ်ကင်းကင်း တိတ်တိတ်ဆိတ်ဆိတ်နေတတ်သည့် ညာဉ်အတိုင်း ထမင်းစားဆောင်တွင်ညစာ မစားတော့ပဲ အခန်းတွင်သာပြန်၍ ခေါက်ဆွဲပြုတ်စားပြီး zooba ဟုခေါ်သည့် တိရစ္ဆာန်လေးများ အချင်းချင်းပစ်သည့် ဂိမ်းအား သဲကြီးမဲကြီးဆော့နေစဉ် ...
"ဒေါက် ဒေါက် "
ကျွန်တော်၏ကုတင်ဘေးတွင် hotel room ထုံးစံအတိုင်း ပြင်ပသို့ကြည့်ရန် ခန်းဆီးကာထားသော မှန်ချပ်ကြီးရှိလေ၏။ အပြင်ဘက်မှ လက်ဖြင့်ခေါက်လိုက်သောအသံကြောင့် ကျွန်တော်လည်း ကိုစိုင်းတို့ အရက်သောက်ရန် လာခေါ်သည်အမှတ်နှင့်...
"သောက်တော့ဘူးကိုစိုင်းရေ... ဒီညနားတယ်ဗျို့"
ပုံမှန်ဆိုလျှင်
"စောက်ပိုတွေပြောမနေနဲ့ ကိုညံလာလာ "ဟု အမြဲလာဆွဲတတ်သော ကိုစိုင်းထံမှ မည်သို့မျှစကားပြန်မရ။
"ဒေါက်... ဒေါက်... ဒေါက်"
စိတ်မရှည်တော့။"သောက်တော့ပါဘူး ဆိုဗျာ... ဟင်"
ခန်းဆီးအားဆွဲဖယ်လိုက်ရာ မည်သူမျှရှိမနေ။
"ဒါ.... ဒါဆို.... ဂလု...သူ...သူလားမသိဘူး"
"ဒုန်း ဒုန်း ဒုန်း"
အခန်းတံခါးအားလက်ဖြင့်ထုသံကကျယ်လောင်စွာ ထွက်ပေါ်လာသဖြင့် ကျွန်တော်လည်း ကြောက်လန့်တကြား ကုတင်ပေါ် ဂျွမ်းပစ်၍ ရောက်သွားပြီး စောင်ခေါင်းမြီးခြုံကာ" ဘယ်... ဘယ်သူလဲ... ဟိုကောင်တွေလား... စောက်ခွက်မပြောင်နဲ့နော် ငါmoodကောင်းတာမဟုတ်ဘူး ဓါးနဲ့ခုတ်မှာ "
YOU ARE READING
Stories For Long Nights
HorrorStories For Long Nights အကြောင်း တစေ့တစောင်း တချို့က လုံးချင်းဝတ္ထုလို့ထင်နေလို့ပါ။ လျှို့ဝှက်ဆန်းကြယ်၊ သည်းထိတ်ရင်ဖို ဝတ္ထုတို အပိုင်းလေးတွေ စုစည်းထားတဲ့ စာအုပ်ပါ။ ဘာလို့၊ ဘာကြောင့်၊ ဘယ်တုန်းက၊ ဘယ်နေရာ စသည်ဖြင့် တွေးစရာမလိုပဲ " ဘယာနက" ရသ သီးသန့်...