Chapter-1

996 43 1
                                    


[ ဟိတ် နင် ဂုဏ်မယူမိဘူးလား အလှလေး
နင့်မှာ ကြောင်နားရွက်လေးတွေမရှိတာတောင်မှ ငါက နင့်ကို သဘောကျနေတုန်းပဲ ]

< နတ်မိမယ်လေးစူးကျိုက်ကျိုက်ရဲ့ဒိုင်ယာရီ >

အမျိုးသားနေ့အပြီးနှစ်ရက်အကြာ Z မြို့တွင် ရက်အတော်ကြာ မိုးအဆက်မပြတ်ရွာနေသော်လည်း အနည်းငယ်မျှပင် အေးမသွားဘဲ လေငြိမ်နေကာ အပူအနည်းငယ်ကိုပင် ထိန်းသိမ်းထားသည်။ အတန်းပြီးဆုံးပြီးနောက် ကျောင်းဝင်းအတွင်းမှာတော့ သက်ဝင်လှုပ်ရှားနေဆဲ...

စင်္ကြန်လမ်းများတွင် ကျောင်းသားများ၏ရယ်မောသံများနှင့်မိုးသံများ ပဲ့တင်ထပ်နေသည်။ ဆူညံသံများကြားတွင် စူးကျိုက်ကျိုက် သူမလက်ထဲတွင် အင်္ဂလိပ်စာအုပ်အမြောက်အမြားကိုသယ်ကာ ဆရာများရုံးခန်းမှထွက်လာခဲ့သည်။ စာသင်ခန်းထဲဝင်ပြီးနောက် အံကြိတ်ကာ လေ့ကျင့်ခန်းစာအုပ်များကို တံခါးဘေးရှိစားပွဲခုံပေါ်တင် ၊ လက်လှမ်း၍ချွေးသုတ်ပြီး အပေါ်ဆုံးမှစာအုပ်ကို ကောက်ယူလိုက်သည်။

သူမအနောက်မှခြေသံများ ၊ ကျန်းကျားက သူမကိုယ်ပေါ် ဆတ်ခနဲ လှမ်းဖက်လိုက်ပြီး

"ကျိုက်ကျိုက်! သွားမယ်! ကုန်စုံဆိုင်သွားရအောင်!"

စူးကျိုက်ကျိုက် သူမရှေ့ဆံမြိတ်လေးကို မှုတ်ထုတ်လိုက်ပြီး လက်ထဲကလေ့ကျင့်ခန်းစာအုပ်ကို သူမအား ယမ်းပြလျက်

"ခဏစောင့် ငါ ထိပ်ဆုံးအတန်းကိုသွားရအုံးမယ် အင်္ဂလိပ်ဆရာမက အဲဒီအတန်းထဲကယောက်ျားတစ်ယောက်ကို ကူရှာပေးဖို့ ငါ့ကိုပြောထားတယ်"

"နင် ဘယ်သူ့ကိုရှာနေတာလဲ"

ဒီမေးခွန်းကိုကြားတော့ စူးကျိုက်ကျိုက်က လေ့ကျင့်ခန်းစာအုပ်မျက်နှာဖုံးကို လှန်ကြည့်လိုက်သည်။

-- "ကျန်းလုရန့် ၊ ကျောင်းသား ၊ အတန်းတစ်"

လက်ရေးလက်သားက ကျစ်လျစ်လှပပြီး ကြည့်လိုက်တာနဲ့ သပ်သပ်ရပ်ရပ်ရှိပြီး တောက်ပြောင်၏။

ကျန်းကျား တစ်ချက်ကြည့်လိုက်တော့ သူ့မျက်လုံးတွေ ချက်ချင်းပြူးကျယ်သွားရသည်။

When I Fly Towards You ( ဘာသာပြန် )Where stories live. Discover now