Chapter-3

157 16 1
                                    


[ ဟား ငါ သူ့ကို ဖမ်းမိပြီ ]

< နတ်မိမယ်လေးစူးကျိုက်ကျိုက်ရဲ့ဒိုင်ယာရီ >

နောက်တစ်နေ့တွင် အတန်းကြားခေတ္တနားချိန်ကို အခွင့်ကောင်းယူပြီး စူးကျိုက်ကျိုက် ထီးကိုယူကာ သူ့ကိုကြားဖြတ်ရန် အချိန်မီ မနေ့တနေ့ကလိုမျိုး တစ်နေရာသို့ ပြေးသွားခဲ့သည်။ သူမ ခေါင်းမငုံ့ထားတော့ဘဲ ဖိနပ်ဖြင့် မြေကြီးပေါ်ရှိ ရွှံ့အိုင်များနှင့် ဆော့ကစားနေသော်လည်း ကျောင်းတံခါးဆီသို့ လေးနက်သောအမူအရာဖြင့် လှမ်းကြည့်လိုက်သည်။ သူမက အတန်းထဲတွင်သာ ၀တ်လေ့ရှိသည့်မျက်မှန်ကိုပင် ၀တ်ထားလေသည်။

အဝေးတစ်နေရာတွင် စိမ်းလန်းစိုပြေသောသစ်ပင်ကြီးများရှိရာ မိုးဖွဲဖွဲနှင့် မြူထူထပ်သော တိမ်တိုက်များရှိနေသည်။ အရောင်အဆင်းအကွက်များဟာ ကြီးမားပြီး ပျော့ပျောင်းသောကြောင့် ရှုခင်းက သာယာပြီးလှပနေပါသည်။

သူမ၏မျှော်လင့်ချက်များနှင့်ဆန့်ကျင်ဘက် အလှလေးက နောက်ကျတာကို သဘောကျတဲ့သူမဟုတ်။

ဒါဆို အဲဒီနေ့က သူ ဘာလို့ အရမ်းတည်ငြိမ်နေသလို ပြုမူနေခဲ့တာလဲ?

အလှလေးက အခြေအနေတွေကြောင့် ဖြုံတောင်မဖြုံတဲ့ပုံပဲ.. သူမက အဲဒါကို အရမ်းချီးကျူးတယ်။

စူးကျိုက်ကျိုက်၏တတိယအကြိမ် ကင်းလှည့်ရန် ကြိုးပမ်းသည့်နေ့တွင် ရာသီဥတုသာယာ၏။

ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပြန်စပါပြီ...

နောက်ပြီး သူမ ဗျူဟာပြောင်းဖို့ ဆုံးဖြတ်ထားတယ်...

ထိုနေ့က အလှလေးက ကျောင်းတံခါးဝမှဝင်လာသောကြောင့် သူက နေ့ကျောင်းသား ဖြစ်ကောင်းဖြစ်နိုင်သည်။ ထိုအခြေအနေမျိုးတွင် သူမရဲ့နောက်ပိုင်းကင်းလှည့်ခြင်းများအတွက် သူမ စောစောထသင့်သည် ၊ ဤနည်းအားဖြင့် သူ့ကို ကြားဖြတ်ဝင်ရောက်ခြင်းတွင် နောက်ဆုံး အောင်မြင်မည်မဟုတ်ပါလား?

နောက်ဆုံးလေ့ကျင့်ခန်းအပြီးမှာ ဌာနမှူးက မိုက်ခရိုဖုန်းကိုကိုင်ပြီး ကျောင်းသားတွေကို အေးအေးဆေးဆေး အတန်းပြန်တက်ဖို့ ညွှန်ကြားခဲ့ပေမဲ့ ကျောင်းသားတွေက နားမထောင်ခဲ့ဘူး။ သူတို့တွေ 'စည်းစနစ်တကျပြန်သွား' ဆိုတဲ့ စကားလုံးကို ကြားလိုက်သည့်အချိန်တိုင်း သူ့ထက်ငါ အလုအယက် အပြေးအလွှားသွားကြပေလိမ့်မည်။

When I Fly Towards You ( ဘာသာပြန် )Where stories live. Discover now