Chapter - 11.1

196 15 2
                                    






[ သူပြေးတာ အရမ်းမြန်တာပဲ သူက ဖမ်းရခက်တာ မဆန်းတော့ပါဘူး ]

         < နတ်မိမယ်လေးစူးကျိုက်ကျိုက်ရဲ့ဒိုင်ယာရီ >

စူးကျိုက်ကျိုက်၏အပြုံးမှာ သူမနှုတ်ခမ်းပေါ်တွင် အေးခဲသွားသည်။ သူမ၏လက်ချောင်းများကို မသိစိတ်က ဘောလုံးတစ်လုံးအဖြစ် ဆုပ်ကိုင်ထား၏။

ကျန်းလုရန့်က ထိုနေရာတွင် ငြိမ်သက်စွာ ရပ်နေသည်။ ညနေခင်းလေနုအေးက ည၏လေထုထဲသို့ တိုးဝင်လာလေ၏။

စူးကျိုက်ကျိုက် နှုတ်ခမ်းဟလိုက်သည်။

သူမပြောလိုက်ချင်သည်မှာ -

ဟုတ်တယ် ငါ နင့်ကို အရမ်းသဘောကျတယ် နင့်ကြောင့် မိုးရွာတဲ့နေ့ဟာ မိုးရွာတဲ့နေ့မဟုတ်တော့ဘူး ဒီလိုမျိုးနဲ့ ငါက နင့်ကို ပထမဆုံးအကြိမ်တွေ့တာဆိုတော့ အမှတ်ရထိုက်တဲ့နေ့လေးတစ်နေ့ပါပဲ.. ပြီးတော့ နင့်ကြောင့်ပဲ ငါ့ရဲ့သာမာန်ပျိုရွယ်ချိန်လေးက ရုတ်တရက် တက်ကြွလာရတယ်...

သို့သော် သူမ နှုတ်ဆိတ်နေမိပါ၏။

အိပ်ဆောင်အဒေါ်ကြီးက အိပ်ဆောင်တံခါးကနေ ထွက်လာပြီး လှမ်းအော်၏။

"ကျောင်းသားတွေ မြန်မြန်ပြန်ကြတော့! ငါတို့ တံခါးပိတ်နေပြီနော်!"

ကျန်းလုရန့်၏မျက်ခုံး ပင့်တက်လာပြီး သူ့လေသံက စိတ်မရှည်တော့ဘဲ

"စူးကျိုက်ကျိုက်"

သူက သူမနာမည်ကို ခေါ်လိုက်သောအခါ စူးကျိုက်ကျိုက်၏တစ်ကိုယ်လုံး တုန်လှုပ်သွားရသည်။

သူမစိတ်ထဲတွင် ပြန်လည်လေ့ကျင့်ခဲ့ရသော အချစ်ရေးဝန်ခံချက်ကို ပြောရတော့မည်။ သို့သော် သူ၏စိတ်မရှည်တဲ့လေသံကြောင့် သူမဟာ ချက်ချင်းပဲ တခြားအရာတွေကို ပြောဖို့ ထိတ်လန့်သွားပြီး

"အဲဒီအရာတွေကို ငါ မစဉ်းစားမိသေးပါဘူး တကယ်ပါ ဘယ်တုန်းကမှ.. ငါ လေး...."

အိုး အသံထွက်မှားသွားပြီ!

"ငါ ကျိန်ဆိုပါတယ်...."

When I Fly Towards You ( ဘာသာပြန် )Where stories live. Discover now