Chapter-2

221 24 1
                                    



[ နောက်ကျနေတာတောင် သူက အေးအေးဆေးဆေး ဖြစ်နေတာဆိုတော့ ပုံမှန်စည်းကမ်းဖောက်နေကျသူတစ်ယောက်ပဲဖြစ်မယ်..
အဲ့ဒီလိုသာဆို ငါ သူ့ကို ရက်အနည်းငယ်လောက် ထောက်လှမ်းကြည့်လိုက်မယ်ဆိုရင် သူ့ကို အမိဖမ်းနိုင်မှာ အသေအချာပဲ ]

< နတ်မိမယ်လေးစူးကျိုက်ကျိုက်ရဲ့ဒိုင်ယာရီ >

အတန်းပြီးဆုံးကြောင်းခေါင်းလောင်း မြည်ဟီးလာခဲ့သည်။

စင်မြင့်ပေါ်ရှိဆရာမက မြေဖြူခဲကို မြေဖြူခဲပုံးထဲသို့ ပြန်ချလိုက်ပြီး အတန်းကို လှည့်ကြည့်ကာ

"အိမ်စာမထပ်ရသေးတဲ့သူတွေက ငါ့ကို ရုံးခန်းမှာလာရှာကြ ငါ့ကို နှစ်ခါမေးအောင်မလုပ်ကြနဲ့ အတန်းပြီးပြီ"

ကျောင်းသားများက ချက်ချင်း မတ်တပ်ထရပ်လိုက်ကြပြီး

"ကျေးဇူးတင်ပါတယ် ဆရာမ"

ကျန်းလုရန့်က စာသင်ချိန်အတွင်း စိတ်အနှောင့်အယှက်ဖြစ်ရသည်ကိုမကြိုက်မှန်း သိထားသည့်အတွက် ယဲ့ကျန်းရှင်းက အတန်းပြီးဆုံးသည့်တိုင်အောင် လှည့်မကြည့်ရဲဘဲ မေးခွန်းများမမေးရဲချေ။

"ကျန်းလုရန့် နင့်ရဲ့ထိုင်ခုံဖော်က ဘယ်ရောက်သွားတာလဲ"

သူ နောက်သို့မှီချလိုက်ပြီး ဘောပင်ကိုကိုင်ထားရာ လှပကွေးညွှတ်နေသောသူ့လက်များရဲ့ ထင်ရှားသောအရိုးအဆစ်များကို ဖော်ပြထားလျက်ရှိနေပါသည်။

"ခွင့်ယူသွားတယ်"

သူ့အသံက နက်နဲပြတ်သားပြီး ခံစားချက်ကင်းမဲ့နေ၏။ ညအမှောင်ဆုံးအချိန်၌ မိုးတဖွဲဖွဲရွာနေသကဲ့သို့ပင် ၊ ယဲ့ကျန်းရှင်းမျက်လုံးများ ပြူးကျယ်လာပြီး ငြူစူသံဖြင့်

"အမ်? သူက ဘာလို့ခွင့်ယူရတာလဲ... လွန်ခဲ့တဲ့နှစ်ရက်ကမှ အမျိုးသားနေ့လေ သူက ဘာပူပန်မှုမှကိုမရှိဘူး"

သူမ အချိန်အတော်ကြာအောင် စောင့်ခဲ့သည့်တိုင် မည်သည့်အဖြေမှပြန်မရခဲ့။

ကျန်းလုရန့် အသာမော့ကြည့်လိုက်ပြီး သူ့စားပွဲခုံပေါ်မှ အင်္ဂလိပ်စာလေ့ကျင့်ခန်းစာအုပ်ကိုယူ အရင်တစ်ခေါက်က မှတ်ထားတဲ့စာမျက်နှာကိုလှန်ကာ ကွက်လပ်ဖြည့်လေ့ကျင့်ခန်းအတွက် ရလဒ်များကိုကြည့်လိုက်သည်။

When I Fly Towards You ( ဘာသာပြန် )Where stories live. Discover now