Chapter - 11.2

170 18 4
                                    


ကျောင်းအားကစားပွဲနှင့် ကွင်းဖွင့်ပွဲ အခမ်းအနားအပြီးတွင် စူးကျိုက်ကျိုက်သည် အတန်း(၉)၏ တဲအတွင်းတွင် နုံးချည့်စွာ သူမ၏ဖုန်းကို သုံးနေ၏။

သူမမှာ အလှလေးကို ရေပေးရမလား မပေးရဘူးလား ရုန်းကန်နေရဆဲဖြစ်သည်။

သူတို့နှစ်ယောက် မနေ့က နည်းနည်းလေးကွဲသွားသလို ခံစားလိုက်ရတယ်...

အခု သူမက သူ့ကို ရေသွားပေးလိုက်မယ်ဆိုရင် ဘယ်လိုပုံစံဖြစ်မလဲ? ပါးရိုက်ခံရဖို့ သူမမျက်နှာကို အပြင်မှာ ကပ်ထားသလိုပဲ။

စူးကျိုက်ကျိုက် သူမ၏အတွင်းရေး အခြေအတင်ကို မပြီးဆုံးမီတွင် သူမသည် အချိန်အတော်ကြာ စောင့်မျှော်နေသော ကြေငြာချက်ကို ကြားလိုက်ရသည်။

"မီတာ ၁၀၀ ပြိုင်ပွဲ ပဏာမအကြိုပြိုင်ပွဲမှာ ပါဝင်နေကြတဲ့ လူငယ်ကျောင်းသား/သူ အားလုံး ကျေးဇူးပြုပြီး စာရင်းသွင်းထားတဲ့ကောင်တာဆီကို ချက်ချင်း သတင်းပို့ပေးပါ"

စူးကျိုက်ကျိုက်သည် ချက်ချင်းထရပ်ကာ သူမကျောပိုးအိတ်ထဲမှ ကင်မရာအိတ်ကိုထုတ်၊ သူမ၏ DSLR ကင်မရာကိုထုတ်၍ လည်ပင်းတွင်ချိတ်ဆွဲကာ တောက်ပနေသောနေရောင်အောက်တွင် စာရင်းသွင်းကောင်တာဆီသို့ ပြေးသွားလေသည်။

သူမ၏အတွင်းရေး ရုန်းကန်မှုကို ယခုပင် သူမ လုံးလုံးမေ့သွားလေပြီ။

စူးကျိုက်ကျိုက် စာရင်းသွင်းကောင်တာသို့ ရောက်သောအခါ ကျန်းလုရန့်မှာ စာရင်းသွင်းခြင်း ပြီးသွားလေသည်။ စာရင်းသွင်းခေါင်းဆောင်က သူနှင့် အခြားအနည်းငယ်ကို လမ်း၏အစမှတ်တိုင်သို့ ပို့ဆောင်ခဲ့သည်။

စူးကျိုက်ကျိုက်က ကျန်းလုရန့်၏ဓာတ်ပုံအချို့ကို လျှို့ဝှက်ရိုက်ယူလေသည်။ သို့သော် အံ့သြဖို့ကောင်းတာက သူက သူမကို ချက်ချင်းဆိုသလို ဖမ်းမိသွားခဲ့တာပဲ။

ထူးဆန်းတာက စူးကျိုက်ကျိုက် ဖမ်းမိခံလိုက်ရပြီး စိတ်သက်သာရာရသွားလေသည်။ သူမ ကင်မရာကိုချလိုက်ပြီး သူမမျက်နှာပြကာ အော်ပြော၏။

"ငါ့ကိုပြုံးပြ!"

ကျန်းလုရန့် လျစ်လျူရှုသလို အဝေးကို လှမ်းကြည့်လိုက်သည်။

When I Fly Towards You ( ဘာသာပြန် )Where stories live. Discover now