Chapter-7

118 12 0
                                    




[ ဘယ်အချိန်ပဲဖြစ်ဖြစ် ဘယ်နေရာမှာပဲဖြစ်ဖြစ် စိတ်ခံစားချက်ပဲဖြစ်ဖြစ် ငါက အမြဲကြည့်ကောင်းလွန်းတဲ့သူ့ကို ရှာတွေ့လိမ့်မယ် ]

          < နတ်မိမယ်လေးစူးကျိုက်ကျိုက်ရဲ့ဒိုင်ယာရီ >

နောက်တစ်နေ့ သောကြာနေ့...

ကျောင်းဆင်းသောအခါ စူးကျိုက်ကျိုက် သူမ၏ပစ္စည်းများကို သိမ်းဆည်းပြီး ကျန်းကျားနှင့်အတူ ကျောင်းတံခါးမှ ထွက်လာစဉ် ရင်တထိတ်ထိတ် ဖြစ်နေသည်။

Z အထက်တန်းကျောင်းသည် Z မြို့ရှိ အကောင်းဆုံး အထက်တန်းကျောင်းဖြစ်သော်လည်း ၎င်း၏တည်နေရာမှာ အလွန်ဝေးကွာသည်။ ၎င်းက စိမ်းလန်းသော နေရာကျယ်ကြီးရဲ့ အလယ်မှာ ရှိနေသည်။ လေကောင်းလေသန့်ရပြီး ရှုခင်းက သာယာတယ်၊ တိတ်ဆိတ်တယ်၊ သက်တောင့်သက်သာရှိတယ်။

အားနည်းချက်ကတော့ ကျောင်းဂိတ်ကနေ ကားဂိတ်အထိ နာရီဝက်လောက် လမ်းလျှောက်ရခြင်းပဲ။ ထို့ကြောင့် သာမာန်အားဖြင့် သောကြာနေ့ ကျောင်းဆင်းသောအခါတွင် မိဘများစွာသည် ၎င်းတို့၏သားသမီးများကို ကြိုရန် လာကြသည်။

စူးကျိုက်ကျိုက်သည် ကျောင်းတံခါးရှေ့မှ ခြေလှမ်းများ လျှောက်လှမ်းလာစဉ် သူမ မျှော်ကြည့်လိုက်ရာ ကျန်းလုရန့်သည် အနက်ရောင် ကိုယ်ပိုင်ကားထဲသို့ ဝင်သွားပြီး တံခါးပိတ်သံ တိုးတိုးလေးဖြင့် လိုက်ပါလာသည်ကို တွေ့လိုက်ရသည်။

ကားက ချက်ချင်း မောင်းမထွက်သွားဘူး။ ဤရှူထောင့်မှနေ၍ သူ့ကျောင်းလွယ်အိတ်ကို ပခုံးတွန့်ကာ ဖယ်ပစ်လိုက်သည်ကို မြင်နိုင်သည်။ သူ့တစ်ကိုယ်လုံး ထိုင်ခုံနောက်ခန်းထဲ နစ်မြုပ်သွားပြီး မျက်လုံးမှိတ်ထားပါသည်။

စူးကျိုက်ကျိုက် တစ်နေရာတည်းတွင် ခဏရပ်နေခဲ့သည်။ ကျန်းကျားက အရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ရုတ်တရက် တစ်ခုခုမှားနေပြီဟု ခံစားလိုက်ရသည်။ နောက်ပြန်လှည့်ကြည့်လိုက်တော့ လူအုပ်အလယ်မှာ ရပ်နေတဲ့ သူမကို တစ်ချက်ကြည့်ကာ တည့်တည့်ကြည့်နေတာကို တွေ့လိုက်ရသည်။ သူမက စိတ်ရှုပ်ထွေးစွာဖြင့် အော်ခေါ်၏။

When I Fly Towards You ( ဘာသာပြန် )Where stories live. Discover now