Chapter - 12

105 9 0
                                    




[ အလှလေး ၊ ကျန်းလုရန့် ၊ ရန့်ရန့် ၊ အမျိုးသားနတ်ဘုရား ]

       < နတ်မိမယ်လေးစူးကျိုက်ကျိုက်ရဲ့ဒိုင်ယာရီ >

မွန်းလွဲပိုင်းတွင် အထက်တန်းကျောင်းသားလေးများအတွက် မီတာ ၁၀၀ အပြေးပြိုင်ပွဲ နောက်ဆုံးပွဲစဉ်ဖြစ်သည်။ ကျန့်လုရန့် နှင့် အတန်း ( ၉ ) မှ ကောင်လေး ဝမ်နန်တို့သည် ဖိုင်နယ်သို့ တက်လှမ်းခဲ့ကြသည်။

စူးကျိုက်ကျိုက်သည် အသံလွှင့်ရုံမှ ကြေငြာချက်ကို ကြားသောအခါ သူမ ချက်ချင်းပင် လမ်းကြောင်းပေါ်သို့ ပြေးသွားလေသည်။ သူမကို စိတ်ရှုပ်ထွေးစေသည့် ရင်းနှီးသောမျက်နှာများစွာဖြင့် လမ်းကြောင်းကို ဝန်းရံထားလေ၏။ သူတို့အားလုံးက သူမရဲ့အတန်းဖော်တွေ ၊ သူမက သူမ၏ 'အလှလေး' ကို အားပေးချင်သော်လည်း သူမ ဘာလုပ်သင့်သနည်း?

ရှောင်ရှောင်းက သူမကိုမြင်ပြီး အပြုံးလေးနဲ့ လက်ဝှေ့ယမ်းပြလာသည်။

"ကျိုက်ကျိုက် ဒီကိုလာခဲ့!"

စူးကျိုက်ကျိုက်က အားရပါးရ ပြုံးကာ

"လာပြီ"

"ကျန်းကျား ဘယ်မှာလဲ"

"သူက ကွမ်းဟန်ရဲ့အမြင့်ခုန်ပြိုင်ပွဲကို သွားကြည့်တယ်"

ရှောင်ယွီက သူမလက်ထဲက ကင်မရာကို မြင်သွားပြီး ရယ်မောရင်း

"ဟေး ကျိုက်ကျိုက် ခဏနေရင် နတ်ဘုရားနန်ရဲ့ ပုံများများလေးရိုက်နော်.. သူက သူ့မိဘတွေကို ပြချင်တယ်လို့ပြောတယ်"

ဝမ်နန်သည် အတန်း၏ သင်္ချာကိုယ်စားလှယ်ဖြစ်ပြီး သူ၏သင်္ချာစာမေးပွဲများတွင် အမြဲတမ်း အမှတ်ပြည့်ရသောကြောင့် အတန်းဖော်များက သူ့ကို ဤအမည်ပြောင် ပေးထားခဲ့ခြင်းပင်။

နတ်ဘုရားနန်

စူးကျိုက်ကျိုက် ခဏလောက်စဉ်းစားပြီး ခေါင်းညိတ်ပြသည်။

"အိုကေ"

ဘာပဲဖြစ်ဖြစ် မနက်ခင်းမှာ သူမ တော်တော်လေး ဓာတ်ပုံရိုက်ပြီးသွားပြီပဲ။

"စတော့မယ်ဟေ့!"

လူအုပ်ထဲမှာ တစ်ယောက်ယောက်က အော်ပြောလာသည်။ စူးကျိုက်ကျိုက်က စတင်သည့်အဆင့်တွင်ပင် သူမ၏ကင်မရာဖြင့် ဓာတ်ပုံရိုက်နေပြီး ကျန်းလုရန့် နှင့် ဝမ်နန်တို့ကို ဘောင်ထဲတွင် ရိုက်ကူးနေပါ၏။

When I Fly Towards You ( ဘာသာပြန် )Where stories live. Discover now