Chapter-4

143 15 2
                                    



စာသင်ခန်းထဲက ထွက်လာခါနီးမှာ မျက်လုံးကျန်းမာရေး လေ့ကျင့်ခန်းအတွက် ပဏမတေးဂီတသံ ထွက်ပေါ်လာသည်။ စူးကျိုက်ကျိုက် ချက်ချင်းပြန်ထိုင်ပြီး အော်လိုက်၏။ ကျန်းကျား ပြောစရာစကားမရှိတော့။

"နင် ဘာလုပ်နေတာလဲ"

သူမက အမူအရာမပြောင်းဘဲ လိမ်ပြောလိုက်သည်။

"ငါ့ဆီးအိမ်ပေါက်တော့မယ်"

မျက်လုံးလေ့ကျင့်ခန်းများပြီးဆုံးပြီးနောက် စူးကျိုက်ကျိုက်မှာ ထိပ်တန်းကျောင်းသားအတန်းများရှိရာ တတိယထပ်သို့ ချက်ချင်းပြေးသွားခဲ့သည်။ သူမ ထိုနေရာတွင် သန့်စင်ခန်းသွားသကဲ့သို့ ပြုမူခဲ့သော်လည်း ကံမကောင်းစွာဖြင့် သူမရဲ့အလှလေးကို မတွေ့ခဲ့ရပေ။

သူမ ပြန်မသွားဘဲ စင်္ကြံမှာ အကြာကြီးနေခဲ့၏။

သို့သော် အတန်းခေါင်းလောင်းသံကြားသည့်တိုင် သူ့ကို မတွေ့လိုက်ရပေ။

မဆုံဖြစ်တော့ဘဲ စူးကျိုက်ကျိုက် အရမ်းတုန်လှုပ်သွားပြီး သူမသေတော့မယ်လို့ ထင်ခဲ့တယ်...

သူမခန္ဓာကိုယ်ထဲက နှလုံးခုန်လုမတတ် ခံစားခဲ့ရပြီး အောက်ဆီဂျင်မရှိတာကြောင့် အသက်ရှူမဝသလို သူမအသက်ရှုသံက နှေးပြီးမြန်လာသည်။ သူမ၏ပါးပြင်များပင် နီမြန်းနေပါ၏။

စကားသုံးခွန်းကြားတိုင်း စူးကျိုက်ကျိုက်မှာ သူမ၏အမျိုးသားနတ်ဘုရားအကြောင်း ပြောနေခြင်းကို မရပ်တန့်နိုင်ဘဲ

"ငါ နင့်ကိုပြောနေတာ ကျိုးရွှီယင်းက အရမ်းကြည့်ကောင်းလွန်းတယ်! သူက အရမ်းဆွဲဆောင်မှုရှိတယ်! ငါ့ကိုပြောစမ်းပါအုံး ယောက်ျားလေးတစ်ယောက်က ဘယ်လိုလုပ် ဒီလိုပုံစံရှိနိုင်ရတာလဲ! ငါ သည်းမခံနိုင်တော့ဘူး အားးးးးး ကျိုးရွှီယင်း......."

သူ့မျက်လုံး၊ နှာခေါင်း၊ ပါးစပ်...

ကျန်းကျား : "........."

အဲဒီအတိုင်းပဲ၊ ရူးနေတဲ့လူတစ်ယောက်က အချစ်ကိုရူးသွပ်တဲ့ အချစ်ရူးလေးတစ်ယောက်ဖြစ်လာတဲ့အခါ သူမဟာ အရမ်းကြောက်စရာကောင်းပါတယ်။

When I Fly Towards You ( ဘာသာပြန် )Where stories live. Discover now