Chapter - 13

84 10 1
                                    




[ ငါ လျှို့ဝှက်ချက်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့တယ်
သူ လိမ်ပြောလိုက်တိုင်း သူ့လည်ပင်းကို ထိလိုက်သလိုပဲ ]

       < နတ်မိမယ်လေးစူးကျိုက်ကျိုက်ရဲ့ဒိုင်ယာရီ >

စူးကျိုက်ကျိုက် အံသြသွားသည်။ ဒီတော့ သူ့ကို ရေယူလာပေးတာတွေ ၊ ဓာတ်ပုံတွေ ဗီဒီယိုတွေရိုက်ပေးတာ အပါအဝင် သူမလုပ်ပေးသမျှ အရာအားလုံးဟာ သူ့လက်ထဲက ငွေတံဆိပ်ကို မက်မောနေတာကြောင့်လို့ သူကထင်နေတာလား?

အလှလေးရဲ့တွေးခေါ်ပုံက တကယ့်ကို ထူးခြားပါတယ်...

စူးကျိုက်ကျိုက် နှုတ်ခမ်းသပ်လိုက်မိသည်။ သူ့နောက်ကျောကိုကြည့်နေရင်း သူမက နာခံမှုရှိရှိ သူ့နောက်ကို လိုက်မသွားတော့ပါ ၊ သူမ နေရာမှာ ခဏရပ်နေပြီး နောက်ပြန်လှည့်ကာ သူမအတန်း၏တဲဆီသို့ ဖြည်းညှင်းစွာ လျှောက်လာသည်။ လမ်းလျှောက်ရင်း အစောပိုင်းက မြင်ကွင်းကို ပြန်သတိရမိသည်။

သူ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်နှင့် သူ့မျက်နှာမှာ ခံစားချက်တစ်စုံတစ်ရာ မရှိပေ။ သူ့ရဲ့ကိုယ်သင်းနံ့က နေရောင်ခြည်၏အရိပ်အမြွက်နှင့် ချွေးအနည်းငယ် ရောစပ်နေသည်။ သူ့ကိုယ်သင်းနံ့က တကယ်ကောင်းတယ် ၊ သူက ဆုတံဆိပ်ကို သူမခေါင်းပေါ်တင်လိုက်သောအခါ သူ့လက်ချောင်းများက သူမဆံပင်ကို အမှတ်မထင် ထိမိသွားသည်။

သူစကားပြောသောအခါတွင် သူမမျက်နှာပေါ်မှာ သူ၏အသက်ရှုသံဖျော့ဖျော့လေးက ဖျက်ပြေးသွား၏။ စူးကျိုက်ကျိုက် ငွေတံဆိပ်ကို ကိုင်ဆောင်ကာ ရုတ်တရက် သူမ၏ မျက်နှာပေါ်တွင် ပူနွေးသော ခံစားချက်ကို ခံစားလိုက်ရသည်။ ထိုအပူရှိန်ကြောင့် သူမနှလုံးခုန်မြန်လာတော့သည်။

အခြားတစ်ဖက်မှာတော့ဖြင့်...

ယဲ့ကျန်းရှင်းရဲ့အမူအရာက မကောင်းပေ ၊ သူမက နောက်ပြောင်လျက် မေးမြန်းလာသည်။

"ကျန်းလုရန့် သူက နင့်ရဲ့သူငယ်ချင်းလား"

ကျန်းလုရန့် ပြန်မဖြေ။

အခြားမိန်းကလေးက ချက်ချင်းမေးလာပြန်သည်။

"နင် သူမကို ဘာလို့ငွေတံဆိပ်ပေးလိုက်တာလဲ"

When I Fly Towards You ( ဘာသာပြန် )Where stories live. Discover now