Chapter-8

111 13 0
                                    





[ ငါက သူ့ရှေ့မှာရှိနေတဲ့ အချိန်ဆိုရင်
ငါက ငါကိုယ်တိုင်နဲ့တူသလို ငါကိုယ်တိုင်လဲ မဟုတ်တော့ပြန်ဘူး ]

      < နတ်မိမယ်လေးစူးကျိုက်ကျိုက်ရဲ့ဒိုင်ယာရီ >

စူးကျိုက်ကျိက် ခပ်မြန်မြန် နောက်ပြန်ဆုတ်ကာ သူမ၏ရေသန့်ဘူးကို အဖုံးဖွင့်ပြီး အနည်းငယ် သောက်လိုက်သည်။ သူမ ရေငတ်တာကို အရင်ဆုံး ငြိမ်းဖို့ လိုတယ်..

နောက်မှ အလှလေးရဲ့ရှေ့မှာ အထိန်းအကွပ်မဲ့စွာ မျိုချလိုက်မယ်ဆိုရင်...

သူမ အရမ်းရှက်သွားလိမ့်မယ်...

စူးကျိုက်ကျိုက် ပုလင်းအဖုံးကို ပြန်ပိတ်ပြီး ဖုန်း၏အနက်ရောင်စခရင်ပေါ်တွင် ရောင်ပြန်ဟပ်မှုကို အသုံးပြု၍ သူမ၏ လက်ရှိအသွင်အပြင်ကို စစ်ဆေးခဲ့သည်။ ထို့နောက် နဖူးမှချွေးများကို သုတ်ရန် အိတ်ထဲမှတစ်ရှူးကို ဆွဲထုတ်ကာ သူမနှုတ်ခမ်းတွေ ကွေးညွှတ်သွားလေ၏။

ဟုတ်ပြီ ကြည့်ကောင်းတယ်..

သူမရဲ့အပြုံးက အလွန်သဘာဝကျပြီး လှနေတယ်..

စူးကျိုက်ကျိုက် ဖုန်းကို အိတ်ကပ်ထဲပြန်ထည့် အသက်ပြင်းပြင်းရှူကာ ကြောက်ရွံ့မှုအားလုံးကို ဖျောက်ပစ်လိုက်သည်။

သူမ လမ်းလျှောက်လာရင်း ခေါင်းကိုစောင်းကာ သူ့ကို နှုတ်ဆက်သည်။

"ဟေး ကျန်းလုရန့်"

သူမစကားသံကိုကြားတော့ ကျန်းလုရန့်မှာ သူ့မျက်လုံးများထဲ၌ မည်သည့်အံ့ဩနေမှုမှမရှိဘဲ လှမ်းကြည့်လာသည်။ သူ့အကြည့်များဟာ ညဘက်တွင် ရေအိုင်ကဲ့သို့ လှိုင်းပုတ်ခြင်းမရှိဘဲ ငြိမ်သက်နေသည်။

သူမအား အသာခေါင်းညိတ်ပြရင်း တုံ့ပြန်လာသည်။ စူးကျိုက်ကျိုက် သူမလက်ထဲရှိ ရေသန့်ဘူးကို မသိစိတ်က ညှစ်လိုက်မိပြီး မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လျက် သိချင်စိတ်ဖြင့် မေးပါ၏။

"နင် ဒီအနီးနားမှာ နေတာလား ဒီမှတ်တိုင်မှာ ငါ နင့်ကို အရင်က ဘာလို့မတွေ့ဖူးတာလဲ"

"အင်း"

"နင် ဘယ်ရပ်ကွက်မှာ နေတာလဲ"

ဤသည်မှာ လူနေရပ်ကွက်တစ်ခုဖြစ်ပြီး ၎င်းပတ်ဝန်းကျင်တွင် ရပ်ကွက်များစွာရှိသည်။ စူးကျိုက်ကျိုက် သူနေထိုင်သည့်ရပ်ကွက်ကို အမှန်တကယ်ပင် မခန့်မှန်းနိုင်ပေ။

When I Fly Towards You ( ဘာသာပြန် )Where stories live. Discover now