Chapter-5

113 14 1
                                    



[ မျက်နှာထက် အလှလေးက ပိုအရေးကြီးတယ် ]

< နတ်မိမယ်လေးစူးကျိုက်ကျိုက်ရဲ့ဒိုင်ယာရီ >

"ကျန်းကျား ငါတို့ရဲ့ခင်မင်မှုက ဆုံးခန်းတိုင်သွားပြီထင်တယ်"

စူးကျိုက်ကျိုက် သူမကျောင်းလွယ်အိတ်ထဲမှ အကြွေတစ်ရွက်ကို ထုတ်ယူပြီး စားပွဲပေါ်တင်လိုက်သည်။

"ဒါက ငါတို့ လမ်းခွဲကြေးပဲ"

ကျန်းကျား ပိုက်ဆံကိုခေါက်ပြီး အိတ်ကပ်ထဲထည့်ကာ သာမာန်ကာလျှံကာ မေး၏။

"အိုး ဘာဖြစ်လို့လဲ"

"ငါ့ရဲ့အလှလေးကို ကျိုးရွှီယင်းလို့ခေါ်တာ လုံးဝမဟုတ်ဘူး! သူက ကျန်းလုရန့်!"

စူးကျိုက်ကျိုက် ဒီအကြောင်းကို ထပ်တွေးပြီး စိတ်ပျက်အားငယ်သွားကာ

"ငါက ပရောပရည်ကျတဲ့မိန်းမ.. ရုပ်ချောချောကောင်လေးတစ်ယောက်ကို မြင်တိုင်း မျက်လုံးတွေတောက်ပြောင်နေတဲ့ အောက်တန်းကျတဲ့ မိန်းမတစ်ယောက်လို့ သူထင်မှာ သေချာပါတယ် ဝူး ဝူး..."

ကျန်းကျားက ဒါကို မမျှော်လင့်ဘဲ မျက်တောင်ခတ်လိုက်ပြီး

"သူက တကယ် ကျန်းလုရန့်လား?"

"နင်က လုံးဝမအံ့ဩဘူးလို့ ငါ ဘာလို့ခံစားနေရတာလဲ"

"ဘာလို့လဲဆို​တော့ သူက ကျန်းလုရန့်ပဲလို့ ငါ အမြဲထင်နေခဲ့လို့လေ.. သူ့ရဲ့စိတ်နေစိတ်ထားက မြင့်မားတဲ့တောင်ပန်းတစ်ပွင့်လိုပဲ"

"...ဒါဆို နင် ငါ့ကို ဘာလို့မပြောတာလဲ"

"ဟိုတနေ့က နင် ငါ့ကို ဆွဲခေါ်သွားတုန်းက နင်ပဲ သူ့ကို ကျိုးရွှီယင်းလို့ ဆက်တိုက်ခေါ်နေတာလေ.. နင်က အရမ်းသေချာနေတဲ့ပုံဆိုတော့ ငါက ဘာထပ်ပြောနိုင်မှာလဲ! သူ့ကို လက်ညှိုးထိုးပြပြီး သူက ကျန်းလုရန့် လို့ပြောရမှာလား? ငါ အရင်က သူ့ကို မြင်ဖူးတာမဟုတ်ဘူးလေ"

စူးကျိုက်ကျိုက် ချက်ချင်းပင် ညှိုးနွမ်းသွားပြီး

"ဒါဆို... ကျိုးရွှီယင်းက ပိုချောတယ်လို့ နင် ငါ့ကို မပြောခဲ့ဘူးလား"

When I Fly Towards You ( ဘာသာပြန် )Where stories live. Discover now