Chapter - 16

117 13 0
                                    




[ ငါကတော့ မတူဘူးလို့ မျှော်လင့်မိပါတယ် ]

      < နတ်မိမယ်လေးစူးကျိုက်ကျိုက်ရဲ့ဒိုင်ယာရီ"

စူးကျိုက်ကျိုက် အချိန်အတော်ကြာအောင် တွေးတောနေသော်လည်း အဖြေမရသောကြောင့် ထိုကိစ္စနှင့်ပတ်သတ်၍ စိုးရိမ်ပူပန်နေခြင်းကို ရပ်တန့်လိုက်သည်။ သူမပစ္စည်းများကို စတင်သိမ်းဆည်းပြီး အိမ်ပြန်ရန် ပြင်တော့သည်။

အခြေအနေကို ခွဲခြမ်းစိတ်ဖြာပြီးနောက် ကျန်းကျားသည် ပို၍ စိတ်လှုပ်ရှားလာပြီး စူးကျိုက်ကျိုက်၏လက်ကို စိတ်လှုပ်ရှားစွာ ယမ်းကာ

"ကျိုက်ကျိုက် ငါ နင့်အတွက် အရမ်းဝမ်းသာတယ်"

"ဟင်?"

"နင်ပြောတာမှန်တယ် ရုပ်ရည်ထက် အပြုအမူတွေက ပိုအရေးကြီးတယ်"

"... နင် အခု ပါးစပ်ပိတ်ထားလို့ရပြီ"

"ဒီတစ်သက်မှာ ဖားပြုပ်တစ်ကောင်က ငန်းအသားစားတာကို တကယ်ကြီးမြင်လိုက်ရတာ ငါမယုံနိုင်ဘူး"

ကျန်းကျားက ဆက်ပြောလာ၏။

"ထွက်သွားစမ်း"

ခဏကြာတော့ စူးကျိုက်ကျိုက် ထိုအကြောင်းတွေးပြီး တိုးတိုးလေး ပြောသည်။

"အဲဒီလိုမျိုးတော့ မဟုတ်ပါဘူး တကယ်ပြောတာ"

သူမအနေနှင့် ကျန်းလုရန့်က သူမအပိုင်ဖြစ်ကြောင်း လူတိုင်းအား အမှန်တကယ် ထင်မြင်စေလိုသော်လည်း အကြောင်းပြချက်မရှိဘဲ သူ့အား 'စောစောစီးစီး ရည်းစားထားတယ်' ဟူ၍ စွပ်စွဲခြင်း မပြုစေလိုပါ။

ကျန်းကျားက ဒီအကြောင်းကိုမပြောတော့ဘဲ စူးကျိုက်ကျိုက်ကို ပစ္စည်းတွေ ကူသိမ်းပေးသည်။

"အတန်း (၁) က ကောင်မလေးတစ်ယောက်က ကျန်းလုရန့်ကြောင့် မနေ့က စာသင်ခန်းထဲမှာ တစ်နေကုန် ငိုနေတယ်လို့ ငါကြားခဲ့တယ်.. အဲဒါက ပုံကြီးချဲ့လွန်းနေတာပဲ"

"ဟင်?"

စူးကျိုက်ကျိုက် စိတ်ရှုပ်သွားသည်။

"သူ နင့်ကိုပေးခဲ့တဲ့ ငွေတံဆိပ်ကြောင့်ဖြစ်မယ်"

"...အဲဒါကဘာဖြစ်လို့လဲ? သူက ငါ့ကို ဖယ်ရှားမလို့ ကြိုးစားနေခဲ့တာလေ"

When I Fly Towards You ( ဘာသာပြန် )Where stories live. Discover now