I'll be there 1

1.5K 65 5
                                    

🍀SEနဲ့ပဲပြီးချင်တယ်ဆိုတဲ့သူ​တွေက The Deepestမှာပဲ​နေခဲ့​ပေးကြပါ​နော်🙏🏽🙏🏽🙏🏽

🍀အခုမှS2က​နေစဖတ်မယ့်သူ​တွေက The Deepestက်ုအရင်ဖတ်ကြည့်​စေချင်ပါတယ် ဇာတ်ရည်လည်ရ​အောင်လို့ပါ

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

အိမ်​တော်ကြီးတစ်ခုထဲက​နေ ​ပျော်ရွှင်လွတ်လပ်စွာ ယှဥ်တွဲပျံသန်းသွားတဲ့လိပ်ပြာက​လေးနှစ်​ကောင် ​လေဟုန်ကိုစီးလို့ အ​ပေါ့ပါးဆုံးနဲ့အသွက်လက်ဆုံးပျံသန်း​နေကြသည် အရမ်း​ပျော်​နေကြတယ်ထင်ပါရဲ့ ​အ​တောင်ပံ​လေး​တွေက်ုယှက်နွယ်ကာ ​ကောင်းကင်ဘုံရဲ့ တမလွန်တံခါး​ပေါက်ဆီသို့ပျံသန်းသွားကြသည် ​ကောင်းကင်မင်းကြီးကလဲ​ကောင်းချီး​ပေးတယ် အလှပဆုံးနဲ့ အလွတ်လပ်ဆုံးဘဝ​လေး​​တွေကိုပြန်လည်ဖန်တီးနိုင်ကြပါ​စေတဲ့ ​နောက်ဆုံးနှုတ်ဆက်အနမ်း​တွေ​ပေးပြီးတမလွန်တံခါး​​ပေါက်က မြူ​တွေဆီခုန်ဆင်းလိုက်ကြသည်

"ပြန်​​တွေ့ကြမယ်ဝမ်"

"ပြန်​တွေ့ကြမယ်​ကော"
☘☘☘☘☘☘☘☘☘☘☘☘☘☘☘☘

အနှစ်(20)ကြာပြီး​နောက်

"​ရှောင်း​ပေါင်!!!ဒုန်းဒုန်းဒုန်း!!!​ရှောင်း​ပေါင်ထစမ်း ​ကျောင်းသွားရမယ်....​ရှောင်း​ပေါင်!!!"

"ထပါပြီလို့...ထပါပြီ​ဒေါ်ရွှယ်လုရယ်...တစ်ကယ်ပါဘဲ...နားကိုနှိပ်စက်​နေတာပဲ"

"နင်ဘယ်လို​ပြော​နေတာလဲ...ငါနင့်အ​မေ​နော်...နင်နာ​တော့မယ်...အခုထ​ကျောင်းသွားရမယ်"

​ရှောင်း​ပေါင်​သိတတ်စအရွယ်ကတည်းက ရွှယ်လုကို ​ဒေါ်ရွှယ်လုလို့ပဲအမြဲ​ခေါ်တယ် မာမားလို့​ခေါ်ဆိုလဲမရ

"ဟွန့်မထချင်ပါဘူးဆိုဒီ​​ကျောင်းပဲတက်ခိုင်း​နေတာပဲ"

နှုတ်ခမ်းတစ်​တောင်​လောက်ဆူပြီးအခန်းထဲကထွက်လာတဲ့သူက ​ရှောင်းအိမ်ရဲ့မျိုးစက်က​လေး ​​ရှောင်း​ပေါင်(​ခေါ်)Sean

ရွှယ်လုလဲသက်ပြင်းသာချရင်း ​ခေါင်းခါလိုက်သည် မနက်မိုးလင်းတိုင်း​ကျောင်းသွားဖို့အ​သေအလဲ နှိုးရတဲ့ပြသနာက သူ့ရဲ့အကိုဖြစ်သူနဲ့သိပ်တူ​နေတာ​တော့ငြင်းလို့မရ အလိုမကျရင်နှုတ်ခမ်းတစ်​တောင်​လောက်​ထော်ထွက်ပြီး စိတ်​ကောက်တာကလဲတူ​နေ​သေးတယ် အခုလဲ​ကျောင်းသွားဖို့နှိုးတာကို မျက်နှာမသစ်ဘဲ ဧည့်ခန်းကဆိုဖာမှာသွားအိပ်​နေပြန်ပြီ

I'll be there-မင်းအနားမှာ(The Deepest S2)Where stories live. Discover now