i'll be there 31

375 40 17
                                    

"အစစအရာရာသတိထားSean လူ​တွေကိုမယုံနဲ့"

ဖုန်းscreen​ပေါ်မြင်​နေရတဲ့ Message​ကြောင့် ခန​တော့မျက်​​မှောင်ကုပ်ကာစဥ်းစားသွားရသည် ဘယ်သူပါလိမ့်

သူ့အ​​တွေး​တွေကိုဖြိုခွင်းလိုက်တဲ့သူကဝမ်​ချောင်

"အိုးးးဟိုးးးဘယ်သူ​နဲ့စကား​ပြော​နေတာပါလိမ့် ဝမ်ရိ​ပေါ်များလား အဟင်း ဝမ်ရိ​ပေါ်လဲမဖြစ်နိုင်ပါဘူး ဟိုက​ဆေးရုံမှာပဲ​သေ​တော့မှာဆို​တော့ကာ"

"စကားကိုဆင်ခြင်ပြော​ပေးပါ အန်ကယ်ဝမ်​ချောင်"

Seanလက်သီးကိုတင်း​နေ​​​အောင်ဆုပ်ရင်း နာမည်ကိုဖိ​ပြောလိုက်​တော့ ဝမ်​ချောင်မ​ကောင်းဆိုးဝါးကတဟားဟားထရယ်သည်

"ဟန်​ဆောင်မ​နေစမ်းပါနဲ့ ဝမ်​ချောင်လို့ပဲ​ခေါ်စမ်းပါ မိတ်ရင်း​ဆွေရင်း​တွေပဲကို ဟုတ်တယ်မလား ​ရှောင်းကျန့်!"

စကား​ပြော​နေရင်းတစ်ဆက်တည်း  ဝမ်​ချောင်က Remoteတစ်ခုကို​ကောက်ယူကာ အခန်းကို​လော့ခ်ချလိုက်သည်

"အခုအဲ့ဒါဘာလုပ်တာလဲ"

"ဘာလုပ်တယ်ထင်လို့လဲ စိတ်မပူပါနဲ့ စကား​လေးတစ်ခွန်းနှစ်ခွန်း​လောက် မဟုတ်​သေးပါဘူး ဘယ်နှစ်ခွန်း​ပြောရမှာပါလိမ့် စုထားတာအရမ်းများ​နေ​တော့ပြန်​ရေရအုံးမယ်"

"​ပြောစရာရှိတာသာမြန်မြန်​ပြောစမ်းပါ​ မ​ကောင်းဆိုးဝါး​ကောင်ရဲ့"

"ရိုင်းလှချည်လား ကျွတ်ကျွတ် ​ရှောင်းရွှယ်လုက နဂိုကတည်းကရိုင်းတာလက်ခံလို့ရ​ပေမယ့် ​ချောင်ချန်းယွီကလဲအသွန်သင်မတတ်ဘူးထင်ပါတယ် သားဖြစ်သူကရိုင်းချက်"

"ခင်များ ကျုပ်အ​ဖေနဲ့အ​မေကိုဘာမှ​စော်ကားစရာမလိုဘူး ဝမ်​ချောင်!"

ဒီလူSeanစိတ်ကိုသပ်သပ်ဆွ​နေတာမှန်းသိ​ပေမယ့် စကား​တွေက​ဘောင်​ကျော်လွန်းတာမို့ Seanအံကြိတ်သံနဲ့ပြန်​ပြောလိုက်သည်

"အဟွန်း မိဘ​တော့သိတတ်သား ခုနကစကားပြန်ဆက်ရ​အောင် ဘယ်​နား​ရောက်သွားပါလိမ့် ​​အော်သိပြီ  ဝမ်ရိ​ပေါ်က​သေ​တော့မယ်ဆိုတဲ့​နေရာ အဟက် ဘာလဲ ပြန်ထလာမယ်လို့​မျှော်လင့်​နေတာလား ​မျှော်လင့်မ​နေနဲ့​ ငါ​တော့မထင်ဘူး ကားကဒုန်းခနဲဆိုပြီး​ဘေးတိုက်ဖြတ်တိုက်တာဆို​တော့ကာ..."

I'll be there-မင်းအနားမှာ(The Deepest S2)Where stories live. Discover now