i'll be there 23

403 36 5
                                    

"​ရှောင်း​ပေါင် မနက်အ​စောကြီးကတည်းကသွားနှင့်ပြီ"

ထိုစကား​လေးကိုကြား​ယောင်ရင်း ရိ​ပေါ်​ခြေလှမ်း​တွေ​လေးလံစွာနဲ့ ​ကျောင်းသို့လမ်း​လျှောက်လာခဲ့သည်

ဆိုင်ကယ်ကမနက်ကလာခါနီးကမှဘီး​ပေါက်သွားတာမို့အိမ်မှာပဲထားခဲ့လိုက်တာမို့ ဒီမနက်Seanနဲ့အတူကားငှားပြီး​ကျောင်းသွားဖို့ အိမ်က​နေ​စော​စောကြိုထွက်ခဲ့သည် ဒီ​ရောက်​တော့ သွားနှင့်ပြီဆိုတဲ့စကား​ကြောင့် ​ခေါင်းငိုက်စိုက်ချကာ ​ကျောင်းကိုလမ်း​လျှောက်လာခဲ့သည်

​ကျောင်း​ရှေ့​ရောက်​တော့ သူငယ်ချင်းဖြစ်သူ ကျင်းလုံနဲ့​တွေ့တာမို့ ကျင်းလုံကအထူးအဆန်းဖြစ်ကာ​မေးသည်

"ရိ​​ပေါ် ဘာလို့တစ်​ယောက်တည်းလဲ Sean​ရော"

"ကျောင်း​ထဲရောက်​နေပြီထင်တယ်"

ကျင်းလုံးကိုပြုံးပြရင်းပြန်​ဖြေလိုက်သည်

"မင်းတို့တူတူမလာဘူးလား ဘာလဲစကားများထားကြတာလား"

"မဟုတ်ပါဘူးကွာ ကိစ္စရှိလို့​​ကျောင်းကို​စောလာတာ​နေမှာ"

"​အေးကွာ လာ အတန်းထဲသွားရ​အောင် သွား​တွေ့လိုက်အုံးမှာလား"

"အင်း ငါခနသွား​တွေ့လိုက်အုံးမယ်"

"​အေး ငါ​လဲလိုက်ခဲ့မယ်"

Seanတို့အတန်း​ရှေ့​ရောက်​တော့ Seanကလု​ဝေနဲ့ပြုံးပြုံးရွှင်ရွှင်စကား​ပြော​နေတာမို့ သူအတန်းဝကလှမ်းကြည့်​နေမိသည် Seanသူ့ဘက်လှည့်လာတာ​ကြောင့် လက်က​လေးပြလိုက်​တော့ သူ့ကိုမြင်တာနဲ့​ခေါင်း​လေးငုံ့သွားတာမို့ သူလဲတစ်ချက်သာပြုံးလိုက်ပြီး ထို​နေရာက​နေထွက်လာခဲ့သည်

ကြားထဲက လု​ဝေနဲ့ ကျင်းလုံက​တော့ တစ်​ယောက်နဲ့တစ်​ယောက်​မေး​ငေါ့ကာ ဘာဖြစ်တာလဲဟုအသံတိတ်​မေး​နေကြသည်

အတန်းထဲ​ရောက်​တော့လဲရိ​ပေါ်ကမှိုင်နေပြီး ခါတိုင်းထက်ငြိမ်သက်​နေတယ်

ရိ​ပေါ်စိတ်အ​ခြေ​နေမ​ကောင်တာကို အခွင့်​ကောင်းယူချင်တဲ့သူကလဲရှိ​နေ​သေးသည်

I'll be there-မင်းအနားမှာ(The Deepest S2)Where stories live. Discover now