i'll be there 7

678 49 2
                                    

"​ရှောင်း​ပေါင်!!!အခုဘယ်ကပြန်လာတာလဲ?"

​ရှောင်း​ပေါင် ည​နေက အိမ်ကကားအလာကို​မ​စောင့်ဘဲ ဝမ်ရိ​ပေါ်အ​နောက်လိုက်သွားခဲ့တာ စကား​ပြောရင်းအချိန်ကုန်လို့ကုန်သွားမှန်းမသိ အခုပြန်​ရောက်​တော့ ည၇နာရီ​တောင်ရှိ​နေပြီမို့ ရွှယ်လုက​တော်​တော်စိတ်တိုနေပြီ ည​နေကကားသမားကို​မေး​တော့လဲ သခင်​လေးက သူငယ်ချင်းနဲ့လိုက်သွားတယ်​ထင်တယ်လို့ပြောတယ် ​ရှောင်း​ပေါင်သူငယ်ချင်းစီဖုန်းဆက်ကြည့်​တော့လဲ ​ရှောင်း​ပေါင်က အရင်ပြန်သွားတာလို့​ပြော​တော့ ရွှယ်လု​​ဒေါသ​တွေထွက်တာထက် တစ်ကယ်စိတ်ပူ​နေခဲ့တာ

အရွယ်​ရောက်​နေပြီဆို​ပေမယ့် တစ်ခါမှအပြင်ကိုတစ်​ယောက်ထဲမလွှတ်ဖူးတာ​ကြောင့်ပိုဆိုးသည် ပြီး​တော့ ပြန်လာ​တော့လဲ ​ဆိုင်ကယ်​​ပေါ်က​နေနှုတ်ဆက်​နေတဲ့သူက ရှောင်း​ပေါင်ကိုလိုက်ပို့ပုံရတယ် သူ့သားဘာ​တွေများလုပ်​နေတာလဲဆိုပြီး​တော့​လေ

"​ရှောင်း​ပေါင်!!!ငါ​မေး​နေတယ်​လေ"

​ရှောင်း​ပေါင်က​တော့ သူ့မားမားစိတ်တို​ရင်ဘယ်သူနဲ့မှမတူတာမို့ ​ကြောက်​ကြောက်နဲ့ ​ခေါင်း​လေးငုံ့ကာ ကုပ်ကုပ်​လေး​နေ​နေသည်

"နင်မ​ဖြေဘူးလား ဟမ်!!!"

"ဟို...ဟို...သူငယ်ချင်းနဲ့ခနလိုက်သွားတာ"

"ဘယ်ကသူငယ်ချင်းလဲ ငါလု​ဝေဆီဖုန်းဆက်ပြီးပြီ နင်အရင်ပြန်သွားတာဆို"

"ဟို တခြားသူငယ်ချင်း"

"ဘယ်လိုတခြားသူငယ်ချင်းလဲ ဘယ်ကလဲ ဘာသွားလုပ်လာတာလဲ"

"ဟို...​ကျောင်းမှာခင်တဲ့သူငယ်ချင်းပါ ဆိုင်ကယ်လိုက်စီးချင်လို့ ခနလိုက်သွား..."

"ဘာ!!ဆိုင်ကယ်လိုက်စီးတယ်ဟုတ်လား ​ကျောင်းကပြန်ရင် အိမ်ကိုတန်းပြန်ရမယ်ဆိုတာ ငါမ​ပြောထားလို့လား အခုလုပ်တာကြည့်စမ်းdriverကိုသွားကြိုခိုင်းတာ ​ကျောင်း​ရောက်​တော့မရှိ​တော့ဘူး ဘယ်သွားမှန်းလဲမသိရဘူး လု​ဝေကို​မေး​တော့လဲမသိဘူး ဘယ်သွားလို့သွားမှန်းမသိဘဲငါကဘယ်ကိုလိုက်ရှာရမှာလဲ အခုပြန်လာတာ ၇နာရီထိုး​နေပြီ အိမ်ကလူ​တွေစိတ်ပူ​နေမလား နည်းနည်းမှမ​တွေးမိဘူးလားဟမ်!!!"

I'll be there-မင်းအနားမှာ(The Deepest S2)Where stories live. Discover now