i'll be there 25

432 40 9
                                    

အတိတ်ကမှတ်ဥာဏ်တစ်ချို့နဲ့အတူ တီးမှန်းမသိတီးလိုက်မိတဲ့ ဂစ်တာ​လေးရယ် အလွတ်ရ​နေတဲ့သီချင်းစာသား​လေး​တွေ​ကြောင့် သူနှုတ်ခမ်းထက်အပြုံး​တွေချိုမြလို့လာခဲ့သည်

သူမှတ်ဥာဏ်ထဲမှတ်မိ​နေပါ​သေးတယ် ဒီသီချင်း​လေး ​ရေးဖြစ်တဲ့​အ​ကြောင်းလေးကို သူနဲ့ရိ​ပေါ်ကြားမှာ မိသားစုကိစ္စ​တွေနဲ့ အဖုအထစ်​တွေရှိခဲ့ကြ​ပေမယ့် သူရိ​ပေါ်ကိုမြင်မြင်ချင်းကတည်းက သ​ဘောကျခဲ့တယ်ဆိုတာက​တော့ ဘယ်နည်းနဲ့မှ​ဖျောက်ဖျက်မရတဲ့အမှန်တရားတစ်ခု

ရင်ခုန်စိတ်ကစားတတ်တဲ့အရွယ်မို့ သူ့ကိုယ်သူ မ​သေချာမ​ရေရာဖြစ်​နေတဲ့အချိန်မှာ ​ကျောင်းကပွဲအတွကိ သီချင်းဆို​ပေရမယ်ဆိုတဲ့ဆရာမရဲ့စကား​ကြောင့် သူ့အာရုံထဲ အမြဲ​ပေါ်လာတတ်တဲ့ပုံရိပ်က​လေးကိုရည်မှန်းပြီး ဒီသီချင်း​လေးကို​ရေးဖြစ်ခဲ့တယ် ဒီသီချင်း​လေးရဲ့ပိုင်ရှင်ကိုလဲ ဝမ်ရိ​ပေါ်တစ်​ယောက်တည်းလို့ပဲ သူသတ်မှတ်ခဲ့တယ် ပန်းချီကား​လေး​​တွေလဲ သူတစ်​ယောက်တည်းရဲ့ပုံ​တွေပဲဆွဲဖြစ်ခဲ့တယ် ရင်ခုန်တတ်တဲ့အရွယ်မှာ​ပေါ့

အ​တွေး​တွေနဲ့ငြိမ်​နေရင်း ရုတ်တရက် ကိုယ့်ကိုသတိရသွားတာမို့ ဒီသီချင်း​လေးဆိုပြရမယ်လို့​တွေးပြီး ဖုန်းကိုရှာမိ​တော့ ဖုန်းက လွယ်အိတ်ထဲကျန်​နေခဲ့တာပဲ
သူ့အခန်းထဲအ​ပြေးသွားပြီး လွယ်အိတ်ထဲက ဖုန်းကိုယူကာ contentထဲက ချစ်ရသူရဲ့အမည်​လေးကိုနှိပ်လိုက်တယ်

"လူကြီးမင်း​ခေါ်ဆို​သောတယ်လီဖုန်းမှာ စက်ပိတ်ထားပါရှင့် ​ခေါ်ဆို၍မရနိုင်ပါ
The number you're calling is power off, please try again later"

သူမျက်​မှောင်ကျုံ့လိုက်မိသည် ကိုယ်ကတစ်ခါမှဖုန်းဆက်မပိတ်ဖူးပါဘူး

"ဖုန်းအားကုန်သွားလို့များလား?"

ဖုန်းအားကုန်ရ​အောင်လဲ ကိုယ်က ဖုန်းသိပ်မသုံးတာသူသိသည် ဖုန်းအားကုန်တာလဲမဖြစ်နိုင် ဒါဆို ဘာလို့များပါလိမ့် ​နောက်တစ်ခါထပ်​ခေါ်ကြည့်​တော့လဲ ခုနကနည်းတူပဲ လူကြီးမင်းနဲ့သာတိုး​ပြန်သည်

သူလဲသက်ပြင်ယဲ့ယဲ့​လေးချပြီး ခန​နေမှပြန်​ခေါ်ဖို့ပဲ​တွေးလိုက်သည်

I'll be there-မင်းအနားမှာ(The Deepest S2)Tahanan ng mga kuwento. Tumuklas ngayon