I'll be there 6

715 51 4
                                    

ရိ​ပေါ်မနက်အ​စောကြီးကတည်းကSeanတို့​ကျောင်း​ရှေ့ကအုတ်ခုံမှာ​​ထိုင်စောင့်​နေတာ ​ကျောင်းတက်​ခေါင်း​လောင်းထိုး​တော့မယ် ​​​မျှော်​နေတဲ့သူကအခုထိမလာ​သေး ရိ​ပေါ်လက်မှာပတ်ထားတဲ့နာရီကိုကြည့်လိုက် လမ်းကိုကြည့်လိုက်နဲ့တစ်​ယောက်တည်းအလုပ်ရှုပ်​နေတာ ​ဘေးကသူငယ်ချင်းလာတာ​တောင်မသိလိုက်

"ရိ​ပေါ်....ဝမ်ရိ​ပေါ် မင်းဒီမှာဘာလုပ်​နေတာလဲ"

"Seanကို​စောင့်​နေတာ အခုထိမလာ​သေးဘူး"

"ဒီမုန့်​တွေကဘာလုပ်ထားတာလဲ"

သူ့​ဘေးကမုန့်နဲ့အ​အေးထည့်ထားတဲ့စက္ကူအိတ်​လေးကိုလက်ညှိုးထိုပြတာ​ကြောင့် မုန့်ထုပ်ကိုသူ့​​ပေါင်ပေါ်ကို​ကောက်တင်လိုက်သည်

"အဲ့ဒါSeanအတွက်"

"​အော်​အေးပါကွာ အတန်း​နောက်ကျအုံးမယ် ​မင်းရဲ့က​လေးကကျောင်းမလာဘူးထင်တယ်"

"မဟုတ်​လောက်ပါဘူး လာမှာပါ ငါခန​စောင့်လိုက်အုံးမယ်"

"အင်းအင်း အဲ့ဒါဆိုငါသွားနှင့်မယ်"

"​အင်း ကျင်းလုံ သွားနှင့် မ​စောင့်နဲ့​တော့"

ကျင်းလုံသူ့​ဘေးကထွက်သွားပြီးမကြာပါဘူး ကားအဖြူ​လေးတစ်စီး​ကျောင်း​ရှေ့ထိုးရပ်လာသည် ပြီး​တော့ကားထဲက ​ကျောပိုးအိတ်ကပိုကရိုလွယ်ကာ​ပြေးထွက်လာတဲ့​sean

ရိ​ပေါ်လဲ seanကို​တွေ့တာနဲ့မတ်တပ်က​လေးထရပ်လိုက်သည်

"Sean ​ကျောင်း​နောက်ကျ​နေပြီ"

"အာ...ဟုတ်တယ်​ကော ကျွန်​တော်အိပ်ယာထ​နောက်ကျလို့"

ရိ​ပေါ် သူ့ကို​ကောလို့​ခေါ်လိုက်တဲ့အသံ​လေး​ကြောင့် နားကြားမှားသလားလို့ပြန်​မေးယူရသည်

"ဘယ်လို ​ကောဟုတ်လား"

"အာ ဟုတ် အဲ့ဒီဘက်က ကျွန်​တော့ထက်ကြီး​တယ်​လေ အာ့​ကြောင့်​ကောလို့​ခေါ်လိုက်တာ"

"ဟုတ်ပါပြီဗျာ ​seanအင့် မုန့်စားလိုက်​နော်"

Sean သူ့ဆီကမ်း​ပေးလာတဲ့ စက္ကူအိတ်​လေးကိုကြည့်ကာ သူ့အတွက်လားဆိုပြီး သူ့ကိုယ်သူလက်ညှိုးထိုးပြ​တော့ အ​ရှေ့ကလူက​ခေါင်းငြိမ့်ပြသည်

I'll be there-မင်းအနားမှာ(The Deepest S2)Where stories live. Discover now