Seanတစ်ယောက်စာသင်ခန်းထဲကထွက်လာပြီး canteenဘက်ကိုပျင်းတွဲတွဲလျှောက်လာခဲ့သည် နာရီကိုကြည့်တော့လဲ( 12)နာရီထိုးဖို့(15)မိနစ်တောင်လိုနေသေးတယ်လေ ဒီအချိန်ဆို ကိုယ်က စာသင်နေတုန်းဖြစ်လောက်တာမို့ ဖုန်းခေါ်မနေတော့ပါဘူး ကိုယ်က ပြိင်ပွဲတွေရှိတော့စာလိုက်မလုပ်နိုင်တာကြာပြီလေ ကျောင်းတက်ရတဲ့ရက်ကလေးတော့ အနှောင့်ယှက်မပေးချင်တော့ဘူး သူလဲပျင်းနေတာနဲ့နှုတ်ခမ်းလေးတဆူဆူလုပ်ကာ မုန့်ဆိုင်တစ်ဆိုင်ထဲဝင်လိုက်သည်
ဆိုင်ထဲရောက်တာနဲ့စားပွဲတစ်ခုမှာဝင်ထိုက်လိုက်ပြီးခုံပေါ်က menuကိုကြည့်ကာwaiterကောင်လေးတစ်ယောက်ကိုလှမ်းခေါ်လိုက်သည်
"strawberry လက်ဖျော်တစ်ခွက်နဲ့ cheese cakeတစ်ခုပေးနော်"
Waiterကောင်လေးပြန်ထွက်သွားတော့ သူလဲဖုန်းသုံးနေလိုက်သည် ခနကြာတော့waiterကောင်လေး ကသူမှာထားတာတွေ လာချပေးတော့သူလဲဖုန်းကိုချပြီး ဘေးဘယ်ရာကို ဟိုကြည့်သည်ကြည့်ကြည့်လိုက်သည် ကိုယ်များရောက်လာမလားလို့လဲတွေးရင်းနဲ့လေ
သူလိုက်ကြည့်နေရင်း ဆိုင်ထောင့်ဆုံးကျတဲ့တစ်နေရာကိုမျက်လုံးရောက်သွားတော့ လူတစ်ယောက်ကသူ့ကိုပြုံးပြီးကြည့်နေတာနဲ့တွေ့တယ် သူလဲထိုလူဆီကမျက်လုံးအမြန်ခွာလိုက်ပြီး မုန့်ကိုပဲထိုင်စားနေလိုက်သည် ခနကြာတော့ စားပွဲပေါ်ကဖုန်းကအသံမြည်လာလို့ကြည့်တော့ ကိုယ့်ဆီက
"ကိုယ် မလာသေးဘူးလားဟင် canteenရောက်နေပြီ မြန်မြန်လာနော်"
ဖုန်းပြောပြီးသိပ်မကြာပါဘူး ကိုယ်ကသူရှိရာ အပြေးတစ်ပိုင်းနဲ့ရောက်လာတယ်
"ဘာလို့ပြေးနေတာလဲ ချွေးတွေထွက်ကုန်ပြီ"
ပြောပြောဆိုဆိုနဲ့ ကိုယ့်မျက်နှာကိုချွေးတွေသုတ်ပေးဖို့ပြင်တော့ ကိုယ်က သူ့ဘေးကခုံမှာဝင်ထိုင်ပြီး သူနဲ့အနီးဆုံးကိုကက်ကာ မျက်နှာလေးမော့ပေးလာတယ်
Seanသဘောကျစွာရယ်လိုက်ပြီး ကိုယ့်မျက်နှာပေါ်ကချွေးတွေကို တစ်ရှူးနဲ့အသာသုတ်ပေးလိုက်သည်
YOU ARE READING
I'll be there-မင်းအနားမှာ(The Deepest S2)
Fanfictionအရင်ကဆိုးခဲ့သမျှအပြစ်တွေကိုပေးဆပ်ရင်း အရာရာအရှုံးပေးပြီးချစ်သွားပါ့မယ်