i'll be there 35

355 25 2
                                    

"ပြန်လာမှအဝချစ်မယ်လို့​ပြောထားတယ်​လေ"

သူ​ပြောလိုက်​တော့ မျက်လုံး​လေးပြူးသွားပြီး နားရွက်ဖျား​လေး​တွေရဲလာတာမို့ သူသ​ဘောကျစွာခိုးရယ်လိုက်သည်

"အခုကိုယ်တို့နှစ်​ယောက်တည်းရှိတာ​နော်"

အ​နောက်က​နေ ခါး​လေးကိုဖက်ထားရာက​နေ အ​ပေါ်ကအုပ်မိုးလိုက်​တော့ ရင်ဘတ်ကိုတွန်းကန်လာတဲ့လက်​​သေး​သေး​လေး​တွေ သူဖမ်းချုပ်လိုက်​တော့ ရုန်းကန်လာပြန်သည်

"ဖယ် ဖယ်လို့!! စိတ်ဆိုးမှာ​နော်"

"မဖယ်ဘူးကွာ ကိုယ်အရမ်းချစ်ချင်​နေပြီ"

"ဖယ်လို့!! နှာဘူးကြီး"

"အချစ်​ပြောသလိုကိုယ်တစ်ကယ်ဘူးလိုက်​တော့မယ်"

ရိ​ပေါ်​ပြောရင်း ဖမ်းချုပ်ထားတဲ့လက်က​လေး​နှစ်ဖက်ကို ​​​အိပ်ယာမှာကပ်လိုက်ပြီး ပါးပြင်​ဖွေး​ဖွေး​လေးကိုငုံ့နမ်းလိုက်သည် စိတ်လှုပ်ရှား​နေပုံရတဲ့​ကောင်ငယ်​လေးက ပါးမို့​လေး​တွေရဲကာမျက်​တောင်​လေးတစ်ဖြတ်ဖြတ်ခတ်ပြီး သူ့ကိုကြည့်သည်

တဖန် နှုတ်ခမ်းပါး​လေးကိုဖိကပ်နမ်း​တော့ မျက်ဝန်း​တွေမှိတ်ကျသွားသည် အချိန်အ​တော်ကြာတဲ့အထိ နှုတ်ခမ်းပါး​လေးကိုတစ်လွှာချင်းဆုပ်ယူနမ်းရှိုက်မိ​တော့ လက်​သေး​သေး​လေး​တွေကရင်ဘတ်ကိုထုသည်

သူလွှတ်​ပေးလိုက်​တော့ မျက်ရည်​လေး​တွေ​ဝေ့ပြီး အနည်းငယ်ဖူး​ယောင်ချင်​နေတဲ့နှုတ်ခမ်းရဲရဲ​လေးနဲ့ အသက်လုရှူ​နေတဲ့က​လေးက အသက်ရှူကြပ်သွားသည့်ပုံ ရိ​ပေါ် ရီ​ဝေ​ဝေမျက်ဝန်းနဲ့ကြည့်လိုက်​တော့ မျက်လွှာ​လေးချပြီး နှုတ်ခမ်း​လေးကိုက်ကာ တစ်ဖက်ကို​ခေါင်းလှည့်သွားသည်

"အချစ်...ကိုယ့်ကိုကြည့်ပါအုံး"

"....."

"အသည်းနှလုံး ကိုယ့်ကိုကြည့်ပါအုံးကွာ"

​ခေါင်း​လေးသာခါပြလာတဲ့Sean​လေး

"ကိုယ်ဘာမှမလုပ်ပါဘူးချစ်ရ ကိုယ့်ချစ်​လေးရဲ့မျက်နှာ​လေးကိုကြည့်ချင်လို့​လေကွာ"

I'll be there-မင်းအနားမှာ(The Deepest S2)Where stories live. Discover now