i'll be there 20

425 31 4
                                    

နှစ်​ယောက်သားရုပ်ရှင်ရုံကထွက်လာကတည်းက Seanက ​ကျောင်းကိုမပြန်ချင်​တော့ဘူးဆိုလာတာ​ကြောင့် နှစ်​ယောက်သားပန်းခြံတစ်ခုမှာထိုင်​နေဖြစ်သည် ​ကျောင်းမှာကျန်ခဲ့တဲ့ဆိုင်ကယ်ကို​တော့ ညမှသွားယူရ​တော့မယ်

"ကိုယ် ​ရေခဲမုန့် ​ရေခဲမုန့်"

"ဟင် ဟင်"

"​ရေခဲမုန့်လို့!!!"

"ဟုတ်ပြီ ဟုတ်ပြီ ကိုယ်သွားဝယ်​ပေးမယ်​နော်"

ပန်းခြံအဝင်အဝက​ရေခဲမုန့်ဆ်ုင်​လေးဆီသို့ လက်ညှိုး​လေးထိုးပြီးပူဆာ​နေတဲ့က​လေး​ကြောင့် သူအ​ပြေးအလွှားသွားဝယ်​ပေးရသည်

Seanတစ်​ယောက် သူခိုင်းလို့ပြာပြာသလဲ ​ပြေးထွက်သွားတဲ့သူကိုကြည့်ပြီး နှုတ်ခမ်း​လေး​တွေ​ကွေးတက်သည်အထိပြုံးလိုက်သည် ပြီးမှမျက်နှာ​လေးညှိုးကာ စိတ်မ​ကောင်းဖြစ်ရပြန်​သေးသည်

ကိုယ်ကသူ့ကိုသိပ်ချစ်​တဲ့အ​ကြောင်း​တွေ​တဖွဖွပြောတိုင်း သူရင်ခုန်ရမြဲ ဒါ​ပေမယ့် သူ့ကိုအရမ်းဂရုစိုက်ပြီး သူခိုင်းသမျှမညည်းမငြူ ပြာပြာသလဲလုပ်​ပေး​နေတာမြင်ရ​တော့ စိတ်မ​ကောင်းဖြစ်မိသည် ကိုယ့်စိတ်ထဲမှာ အရင်ကကိစ္စ​တွေ​ကြောင့်သူ့ကိုယ်သူအပြစ်ရှိ​သေးသလိုများခံစား​နေရသလားလို့​တွေးမိတိုင်း Seanကိုယ့်ကိုတစ်ကယ်သနားမိသည်

"အချစ် ဘာ​တွေ​တွေး​နေလဲ?"

Seanအ​တွေးလွန်​နေတာနဲ့ ကိုယ်ဘယ်အချိန်ကတည်းကပြန်​ရောက်​နေမှန်း​တောင်မသိ အသံကြားမှ​မော့ကြည့်မိ​တော့ သူ့ကိုစိုးရိမ်​နေတဲ့မျက်ဝန်း​တွေနဲ့ sean တစ်ချက်ပြုံးလိုက်ပြီး ​ခေါင်းခါပြလိုက်သည်

"ဘာမှမ​တွေးပါဘူးကိုရဲ့ ​ကျောင်းကထွက်လာတဲ့ကိစ္စ​တွေး​နေတာ"

"အခုမှ​ဆရာမဆူမှာ ကြောက်​နေတာလားအချစ်?"

"မ​ကြောက်ပါဘူး​နော် ဆရာမဆူလဲ ​ဟောဒီကကိုကိုရှိတာပဲ"

Seanကချွဲချွဲနွဲနွဲနဲ့ကိုယ့်ခါးကိုဖက်ပြီး ရင်ဘတ်ထဲအတင်းတိုးဝင်​တော့ ကိုယ်ကသ​ဘောတကျရယ်သည်

"အဟားး ဟုတ်ပါပြီကွာ ​လော​လောဆယ်​တော့ ​ဟောဒီက ကိုကိုဝယ်လာတဲ့ ​ရေခဲမုန့်အရင်စားလိုက်ပါအုံး"

I'll be there-မင်းအနားမှာ(The Deepest S2)Onde histórias criam vida. Descubra agora