i'll be there 21

451 29 2
                                    

"အဲ့ဒါငါ့​နေရာ"

ရိ​ပေါ်​ပြောလိုက်​တော့ ထို​ကျောင်းသားက ​ထိုင်​နေရာကမော့ကြည့်လာပြီး ​အမည်​ဖော်ရခက်တဲ့အပြုံးမျိုးနဲ့ပြုံးပြလာခဲ့သည်

"​ရောက်လာပြီ​ပဲ ဝမ်ရိ​ပေါ်"

"...?"

"အာ ​ဆောရီး ကျွန်​တော်ကခုမှအသစ်​ရောက်တာ ကျန်းစစ်ဟန်"

"ငါ့​နေရာကအရင်ဖယ်​"

"ဝိုးးး kingကအလာချည်းပဲ ​ဆောရီး​ဆောရီး ကျွန်​တော့မှာထိုင်စရာ​နေရာမရှိလို့"

ရိ​ပေါ်​ရောက်လာ​တော့မှ အတန်းထဲကအုံ​နေတဲ့သူ​တွေလဲ ကိုယ့်​နေရာကိုယ်ပြန်ထိုင်ကြသည် ကျန်းစစ်ဟန်ဆိုတဲ့သူက​တော့ သူ့​ထိုင်ခုံက​နေ ထ​ပေးတာမို့ သူလဲလွယ်အိတ်ချပြီးဝင်ထိုင်လိုက်သည် ထိုသူက​တော့ ဘယ်​နေရာ​ရောက်သွားသည်မသိ

"Morning class"

"Morning laoshi"

ဆရာရဲ့​နှုတ်ဆက်သံကြားတာနဲ့ ရိ​ပေါ်တို့အကုန်လုံး ဆရာ့ကိုထပြီးနှုတ်ဆက်လိုက်ကြသည်

"ဒါနဲ့ဒီ​နေ့ ​ကျောင်းသားသစ်​ရောက်တယ်ဆို ဘယ်မလဲ​ကျောင်းသား"

ဆရာကအတန်းထဲ​ဝေ့ပြီးရှာတာ​တောင် ​ကျောင်းသားသစ်ကိုမ​တွေ့ ​ကျောင်းသား​တွေကလဲ ထို​ကျောင်းသားကိုဟိုကြည့်သည်ကြည့်နဲ့ရှာနေကြသည်

"Laoshi ခုနက ရိ​ပေါ်​ကောနဲ့စကား​ပြော​နေ​သေးတယ်"

မိန်းက​လေးတစ်​ယောက်ရဲ့စကားသံ​ကြောင့် laoshiကရိ​ပေါ်အနား​ရောက်လာသည်

"ဟုတ်လားရိ​ပေါ် ​တွေ့မိ​သေးလား"

"ကျွန်​တော့​နေရာထိုင်​နေလို့ဖယ်ခိုင်းလိုက်တာပဲ ကျွန်​တော်မသိဘူး"

"ကျွန်​တော်ဒီမှာ"

အသံနဲ့အတူ အားလုံးရဲ့အကြည့်​တွေက ဟိုး​နောက်ဆုံးထိုင်ခုံ​တွေဆီသို့

"ကျွန်​တော့မှာထိုင်စရာမရှိလို့"

​နောက်ထပ်စကားတစ်ခွန်း​ကြောင့် အားလုံးရဲ့အကြည့်ကရိ​ပေါ်ဆီ​ရောက်လာခဲ့သည်

"သားရိ​ပေါ် သား​ဘေးမှာသူ့ကိုထိုင်ခိုင်းထားတာ​လေ ​ပေးမထိုင်လိုက်ဘူးလား"

I'll be there-မင်းအနားမှာ(The Deepest S2)Donde viven las historias. Descúbrelo ahora