i'll be there 18

442 34 6
                                    

​ချုံးချင့်မြို့ရဲ့ အထပ်မြင့်အ​ဆောက်အဦးတစ်ခုကရုံးခန်းထဲမှာ Vapeကိုတစ်ရှိုက်မက်မက်ရှူရှိုက်ရင်းအပြင်​လောကကိုမှန်နံရံ​တွေက​နေတစ်ဆင့်ကြည့်ကာ မဲ့ပြုံးပြုံး​နေတဲ့သူက တစ်ချိန်က​အောင်မြင်ခဲ့တဲ့ကျန်းလုပ်ငန်းစုရဲ့ သမက်ဖြစ်သူတစ်​ယောက်

​ယောက်ဖဖြစ်သူကိုအိမ်က​နေအ​မွေပြတ်စွန့်လွှတ်ခံရသည်အထိကုန်းတိုက်ခဲ့တဲ့သူကပဲ​တော်လွန်းတာလား သားဖြစ်သူကို သူစိမ်း​ပြောသမျှ​ယုံပြီး အ​မွေပြတ်စွန့်ခဲ့တဲ့တစ်ချိန်ကကျန်းလုပ်ငန်းစုရဲ့ဥက္ကဌကပဲညံ့​လေသလား​တော့မသိ အခုချိန်မှာအရာအားလုံးကအစီစဥ်တကျနဲ့သူ့လက်ထဲ​ရောက်လာခဲ့ပြီ​လေ

"မ​နေ့ကfinalပွဲတုန်းက winnerဘယ်သူလဲ"

"Wangမျိုးရိုးလို့သိရပါတယ်Boss ဒီမြို့ကပဲ​ကောင်​လေးက"

"သူ့ကိုယ်​​ရေးအချက်အလက်ယူလာခဲ့ ကြည့်ရ​အောင်"

"ဟုတ်ကဲ့ပါBoss"

"ဒါနဲ့ ပြင်သစ်မှာလုပ်မယ့် World Championပွဲက ဘယ်​တော့စမှာလဲ"

" 14th December ပါ Boss ဒီနှစ်အတွင်းWinnerဖြစ်ထားတဲ့ လက်​ရွေးစင်(3)​ယောက်ကို​ရွေးထားပါတယ် အဲ့ထဲကမှအ​တော်ဆုံးတစ်ယောက်ကို world championမှာဝင်ပြိုင်ဖို့လုပ်ထားပါတယ်"

"သုံး​ယောက်ထဲကတစ်​ယောက်ပြန်​ရွေးအုံးမှာလား"

"ဟုတ်ပါတယ် Boss Finalပွဲရှိပါ​သေးတယ် winnerက World championမှာဝင်ပြိုင်ရမှာပါ ကျန်နှစ်​ယောက်ကအရံပါ"

"Ok ဒီကြားထဲ​သူတို့သေချာTrainဖို့လိုလိမ့်မယ် မဟုတ်ရင်Companyကို Sponsor​ပေးထားတာအလကားဖြစ်သွားမယ်"

"ဟုတ်ကဲ့ပါ Boss Companyဘက်ကို​ပြောထားလိုက်ပါ့မယ်"

"Finalအတွက်လူ​ရွေးပွဲကဘယ်​တော့လဲ"

"November 20ပါBoss"

"Ok မ​နေ့ကwinnerရဲ့ဖိုင်ယူခဲ့​ပေးအုံး"

"ရပါပြီBoss"

အတွင်း​ရေးမှူးယူလာ​ပေးတဲ့Fileတွဲကိုကြည့်ပြီး အံ့သြသွား​ပေမယ့် မျက်နှာအမူအရာပြန်ထိမ်းကာ ​ကောက်ကျစ်တဲ့အပြုံးတစ်ခုကိုဖန်တီးလိုက်သည်

I'll be there-မင်းအနားမှာ(The Deepest S2)Where stories live. Discover now