Seanအိမ်ပြန်ရောက်တာနဲ့ ပထမဆုံး သူ့ဖုန်းထဲက voice recordကို ပါးရဲ့အလုပ်ခန်းထဲက laptopထဲ ပြောင်းထည့်သည် ပြီးတော့ stickတစ်ခုထဲပါကူးထည့်လိုက်သည် လိုရမယ်ရ လုဝေရဲ့ mailထဲပါပို့ထားလိုက်သည်
"ဟူးးးးပြီးပြီ မျက်မြင်သက်သေပဲကျန်တော့တယ်"
"အမယ်လေး လန့်လိုက်တာသားရယ် ဘာလုပ်နေတာလဲ"
ချန်းယွီအလုပ်ခန်းထဲက မီးကလင်းနေတာမို့ အခန်းမီးမပိတ်မိဘူးအထင်နဲ့ ရွှယ်လုမီးပိတ်ဖို့အခန်းထဲဝင်တော့ laptopရှေ့ မျက်မှန်လေးနဲ့ငုတ်တုပ်ကလေး ဘာတွေလုပ်နေမှန်းမသိတဲ့ သားဖြစ်သူကြောင့်လန့်ပြီးအော်လိုက်မိသည်
Seanလက်ထဲက stickကိုဖွက်ကာ laptopကိုအမြန်ပြန်ပိတ်ပြီး ထရပ်လိုက်သည်
"ဘာလုပ်နေတာလဲရှောင်းပေါင်ပေ့ လက်ထဲကဘာလဲ"
မားကသူဖွင်ထားတဲ့လက်ဆီကြည့်ပြီးမေးလာတာမို့ လက်ကိုအနောက်ကိုပိုဖွက်လိုက်ပြီး ခေါင်းခါလိုက်သည်
"ဘာမှမရှိပါဘူး "
လက်ဖဝါးနှစ်ဖက်ဖြန့်ပြလိုက်တော့မှ မယုံတစ်ဝက်နဲ့ ခေါင်းညိမ့်ပြလာတယ် တော်သေးတယ် ဘောင်းဘီအိတ်ကပ်ထဲကောက်ထည့်လိုက်လို့
"လာလာ ဘာမှမလုပ်ရင်လဲ အခန်းမီးပိတ်ရအောင်"
"ဟုတ်"
"ဒါနဲ့ဘယ်ကပြန်လာတာလဲ"
အခန်းထဲကထွက်ထွက်ချင်း တံခါးပိတ်ရင်းလှမ်းမေးတာမို့ Sean မျက်လုံးထောင့်ကပ်ပြီး ဘယ်လိုဖြေရမလဲစဥ်းစားရသည်
"အာ ခါတိုင်းလိုပဲလေ ဆေးရုံကို"
"မဟုတ်ဘဲနဲ့ ဒီနေ့ ဝမ်ရိပေါ်ဆေးရုံပြောင်းတာဆို ဆေးရုံမှာမတွေ့ဘူးတဲ့နော"
"ဟင် ဟုတ်တယ် အဲ့တာသွားကူတာ"
"မဟုတ်တာမပြောနဲ့ ငါ့ဆီပါးပါးဖုန်းဆက်ပြီးပြီ ရှောင်းပေါင်ဒီနေ့ဆေးရုံဘာလို့မလာတာလဲတဲ့"
"ဟင်?"
ပါးပါးက ဘာလို့ဖုန်းဆက်တာလဲ ပါးပါးကရော ဆေးရုံဘယ်တုန်းကလာလိုက်လို့လဲ သူမရှိတာရော ဘယ်လိုသိတာလဲ ဖုန်းဆက်လှမ်းမေးရအောင်လဲ ဦးလေးဟောက်ရွှမ်းနဲ့ ပါးကခင်မှမခင်တာ
YOU ARE READING
I'll be there-မင်းအနားမှာ(The Deepest S2)
Fanfictionအရင်ကဆိုးခဲ့သမျှအပြစ်တွေကိုပေးဆပ်ရင်း အရာရာအရှုံးပေးပြီးချစ်သွားပါ့မယ်