Intro

3.3K 128 14
                                    

Genre - Romance, Psychological
Source - Webnovel
Chapter - 623

လင်း၀မ်သည် စာအုပ်ထဲကူးပြောင်းလာပြီး အသက်ငယ်ငယ်လေးသာရှိသေးသော ML ၏မိထွေးဖြစ်လာခဲ့သည်။

ထိုဈေးပေါသော ယောင်္ကျားသည် စီးပွား‌ရေးကိုအလေးအနက်ထားသည့် Boss တစ်ယောက်ဖြစ်ပြီး လျစ်လျူရှုတတ်သည့် ကိုယ်ရည်ကိုယ်သွေးရှိကာ ဆုံးဖြတ်ချက်ပြတ်သားသည်။ ထို့ပြင် လင်ပါသားသုံးယောက်တွင် ထူးခြားသည့် ကိုယ်ရည်ကိုယ်သွေးများရှိကာ တစ်တောင်ထပ်တစ်တောင် ပိုမြင့်သလိုပင် တစ်ယောက်ထပ် အခြားတစ်ယောက်က ဆက်ဆံရပိုခက်သည်။

Variety Show ထုတ်လွင့်ပြီးနောက် လင်း၀မ်သည် အဖွဲ့၏ ထိန်းချုပ်သူဖြစ်လာခဲ့သည်။ အခြား‌သော မိသားစုများ၌ မိဘများသည် ချက်ပြုတ်ရန်တာ၀န်ပေးခြင်းခံရပြီး သားသမီးများကဘေးမှကူညီနေကြသည်မှာ အရောင်အသွေးစုံလင်ပြီးအလွန်တရာကိုမှ ပနံသင့်လှသည်။ လင်း၀မ်နှင့် လင်ပါသားသုံးယောက်တို့သည် ဘီစကစ်နှင့် အိမ်လုပ်အသားညှပ်ပေါင်မုန့်များထုပ်ကာစားနေခဲ့ကြပြီး လေထုသည်တိတ်ဆိတ်ငြိမ်သက်နေသည်။

ညဘက်ရောက်သော် အခြားမိသားစုများသည် ကြယ်များအတူတူရေတွက်ကာ လကိုရှုစားခဲ့ကြသည်။ အရမ်းချိုမနေဘူး လား ?? လင်း၀မ်နှင့် လင်ပါသားသုံးယောက်သည် ကင်မရာရှေ့ရှိ ပရိတ်သတ်ကိုပင် ကြောက်ရွံထိတ်လန့်စေနိုင် သည့်ကြောက်လန့်ဖွယ်ရာပုံပြင်များကို သူ့ထက် ငါ အပြိုင်တစ်‌ ယောက်တစ်လှည့်ပြောပြနေခဲ့ကြသည်။

ကြည့်ရှုသူများသည် ကြည့်ရှုနေစဉ် ၎င်းတို့အားဆူပူခဲ့ကြသည်။ နောက်ပိုင်းတွင် ၎င်းတို့သည် လင်း၀မ်တို့၏ထိန်းချုပ်မှု အောက်တွင်ပြောင်းလဲလာကြသည်ကိုတွေ့ရှိခဲ့ကြသည်။

မာနကြီးသောမျက်နှာထားဖြင့် သားအကြီးဆုံးသည် မိထွေးဖြစ်သူကို မကြိုက်ကြောင်းပြောတတ်သော်လည်း အဘယ့်ကြောင့် မိထွေးဖြစ်သူအတွက် လျှို့လျှို့ဝှက်ဝှက်နှင့် မာဖလာ ၀ယ်ပေးနေရသနည်း ?

သားအလတ်သည် ဖခင်ကိုသာအကြိုက်ဆုံးဟုဆိုခဲ့သော် လည်း သူအကြိုက်ဆုံးလူအား Vote ပေးရာတွင် အဘယ့်ကြောင့် မိထွေးဖြစ်သူအား Vote ပေးခဲ့ရသနည်း ??

အသုံးမ၀င်သောမိထွေးသည် လင်ပါသားများအား Reality TV Show သို့ခေါ်ဆောင်လာခဲ့သည်Where stories live. Discover now