🥦 Chapter 12

214 31 0
                                    

🥦 Chapter 12
🥦 Why Do I Feel Like I Can’t Even Afford to Eat These Ordinary Dishes?

လင်းဝမ်သည် လီကျို့ရွှမ်၏အိမ်၌ ကောင်းကောင်းပင်အိပ်လို့မပျော်နိုင်ပေ။ လီကျို့ခိုင်သည် သူ(မ) အား ပုံပြင်တစ်ပုဒ် ဖတ်ပြနေပေမယ့် ကလေးတစ်ယောက်၏အတွေးတွင် အဆိုပါဇာတ်လမ်းအား အဓိပ္ပါယ်မရှိသလိုခံစားနေရသည့်အတွက်မေးခွန်းတွေအများကြီးမေးနေခဲ့သည်။

“ဧကရာဇ်က သူ့မှာအဝတ်အစားမရှိဘူးဆိုတာ ဘယ်လိုသိမှာလဲ? သူမအေးဘူးလား? အဘိုးအိုကြီးက Big Bad Wolf ရဲ့ ဗိုက်ထဲမှာဘယ်လိုအသက်ရှင်နေခဲ့တာလဲ? ဝံပုလွေဗိုက်ကို လှီးဖြတ်လိုက်တာတောင် အဲ့ကောင်မလေးက အသက်ရှင်နေသေးတာ၊ ဝံပုလွေက သူ့ကို ဘယ်လိုများဝါးစားလိုက်တာလဲမသိဘူး? ဒီအတိုင်းကြီးဆို သူ့လည်ချောင်းထဲမှာနင်နေမှာပေါ့၊ စနှိုးဝိုက်က အဲ့ထူးဆန်းတဲ့ အဘွားကြီးကို ဘာလို့တံခါးဖွင့်ပေးလိုက်တာလဲ? သူနည်းနည်းလေးတောင်သံသယမဖြစ်ဘူးလား? စနှိုးဝိုက်က ဦးနှောက်မရှိတဲ့သူပဲ...!!

လင်းဝမ်သည် ကလေးတစ်ယောက်မှ ယခုလိုမေးခွန်းတွေအများကြီးမေးနေလိမ့်ဟု ဘယ်လိုမှမယုံနိုင်ခဲ့ချေ။ သူ(မ)သည် ယခင်က ကလေးမမွေးဖူးခဲ့သလို ကလေးတစ်ယောက်ကိုမည်ကဲ့သို့ပြုစုပျိုးထောင်ရမည့်နည်းလမ်းကိုလဲ မသိသောကြောင့် ကောင်လေး၏ အဆုံးမရှိသောမေးခွန်းများအတွက် မည်ကဲ့သို့အဖြေပေးရမည်ကို သူ(မ)တွေးရင်း စိတ်ရှုပ်ထွေးနေမိသည်။

လီယန်ချန်သည် ခြံဝင်းအတွင်း၌ သူ၏သားနှစ်ယောက်နှင့်ထင်းများကိုစုပုံပြီး ချက်ပြုတ်ရန်ပြင်ဆင်နေကြသည်။

ပွဲစီစဥ်သူများက ၎င်းတို့ကို ဂျုံမှုန့်တစ်ထုပ်၊ ကြက်ဥအနည်းငယ်နှင့်ဆန်တစ်အိတ်ပေးခဲ့သည်။ လီယန်ချန်သည် အဆိုပါ ပါဝင်ပစ္စည်းများ၏အသုံးဝင်ပုံကိုသိသော်လည်း အရသာရှိသည့်အစားအသောက်ဖြစ်အောင် မည်ကဲ့သို့ချက်ပြုတ်ရမည်ကို မသိခဲ့ချေ။

"ဂျုံမှုန့်ကို မုန့်သားရအောင်လုပ်ပြီး ခေါက်ဆွဲအမျှင်လေးတွေရအောင်လှိမ့်ပေးရမယ်"

လီယန်ချန်သည် သူ၏မိခင်ဖြစ်သူ အသက်ရှိစဉ်အခါတုန်းက ခေါက်ဆွဲကို မကြာခဏလိပ်လေ့ရှိသည်ကို သတိရသွားသည်။ သူ(မ)သည် ဂျုံမှုန့်အား ရေအနည်းငယ်ဖြင့်နယ်ကာ ပြားချပ်အောင်လုပ်ပြီးနောက် အဆုံးတွင်ခေါက်ဆွဲအမျှင်များရအောင် လှီးဖြတ်သည်။ ထို့နောက် သူ(မ)သည် ခေါက်ဆွဲကို ဟင်းသီးဟင်းရွက်များဖြင့် ရောချက်လိုက်သည်။ ထိုအရာအားလုံးသည် အရမ်းရိုးရှင်းလွန်းသည်ဟုထင်ရသည်။

အသုံးမ၀င်သောမိထွေးသည် လင်ပါသားများအား Reality TV Show သို့ခေါ်ဆောင်လာခဲ့သည်Where stories live. Discover now