🥦 Chapter 5

702 81 1
                                    

🥦 Chapter 5
🥦 Who Said I Was Leaving?

လီယန်ချန်၏ကြည့်ကောင်းမှုတို့ကြောင့် လင်းဝမ်ကို သူ့အကြောင်း သုံးရက်လောက် ကြွားလုံးထုတ်ရန် တွန်းပို့ပေးနေသလိုပင်ဖြစ်နေသည်။ သူမ၏ မူလကမ္ဘာတွင် (၂၈)နှစ်ကြာနေထိုင်ခဲ့သော်လည်း လီယန် ချန်လိုကြည့်ကောင်းသည့်သူမျိုးနှင့် အိမ်ထောင်ကျလိမ့်မည်ဟု သူမထင်ထားခဲ့ချေ။ ထိုအရာထက် ပိုအရေးကြီးဆုံးအချက်မှာ ထိုလူသည် ကုမ္ပဏီပိုင်ရှင်လုပ်ငန်းရှင်သူဌေးကြီးဖြစ်နေခြင်းပင်။

လင်းဝမ်အနေဖြင့် လီယန်ချန်းအား ရဲရဲမကြည့်ရဲဘဲ ရှောင်ပြေးဖို့ကြိုးစားနေမှန်း ခက်ခက်ခဲခဲစဉ်းစား နေဖို့ပင်မလိုတော့ချေ။ လီယန်ချန်သည် သူ(မ)၏နှလုံးသားတံခါးကိုဖွင့်၍  ပထမခြေလှမ်းကိုစတင်ခဲ့ပြီ ဖြစ်သည်။ ထိုအရာသည် သူ(မ)အတွက် ကောင်းသည့်အရာတစ်ခုဖြစ်ကောင်းဖြစ်လာနိုင်သည်။

“မင်းနာမည်ကို  Hot Search ကနေ ဖယ်လိုက်ပြီ” ဟု သူ ပြောလာသည်။  ထို့ပြင် သားဖြစ်သူတွေ ဘက်ကို တစ်ချက်လှည့်ကြည့်ပြီးထပ်ပြောလိုက်သည်မှာ

“မင်းတို့ သူ့ကိုနောက်ထပ်ခက်ခဲတဲ့အလုပ်တွေလုပ်ခိုင်းဖို့ ငါ ခွင့်မပြုဘူး။ အထဲဝင်ကြရအောင် ငါ မနက်စာဝယ်လာခဲ့တယ်"

လီယန်ချန် စကားသံအောက်မှာ အားလုံးတိတ်ဆိတ်ငြိမ်သက်လျက် မည်သူမှ ငြင်းခုံနေခြင်းမပြုတော့ပေ။

သူ၏ခရီးဆောင်အိတ်ကို လက်တစ်ဖက်ဖြင့်ဆွဲယူလိုက်ပြီး နောက်လက်တစ်ဖက်တွင် အငွေ့ တထောင်စထောင်းထွက်နေသည့် နံနက်စာကိုသယ်ဆောင်လာခဲ့သည်။ သူ့ခရီးဆောင်အိတ်ရှိ Check-in tag စာရွက်ရှိနေသေး သဖြင့် လေယာဉ်ပေါ်မှဆင်းပြီးပြီးခြင်း ဤနေရာသို့တန်းလာခဲ့မှန်းသိသာနေသည်။

လင်းဝမ်သည် ထိုလူကိုသေချာအာရုံစိုက်ပြီးကြည့်လိုက်သည်။ လီယန်ချန်တွင် ပတ်ဝန်းကျင်ကိုသေစေ နိုင်လောက်အောင်ဆွဲငင်နိုင်သည့် သံလိုက်စက်ကွင်းတစ်ခုရှိနေပုံရပြီး သူ၏ စကားလုံးတိုင်းသည် လူတိုင်းကိုနားထောင်လာအောင်ညို့ယူနိုင်စွမ်းရှိသည်။

အသုံးမ၀င်သောမိထွေးသည် လင်ပါသားများအား Reality TV Show သို့ခေါ်ဆောင်လာခဲ့သည်Where stories live. Discover now