🥦 Chapter 15

174 36 0
                                    


🥦 Chapter 15

🥦 The Person in Front Of Him Felt Entirely Different


လန်ရွာရှိ ဥယျာဥ်ခြံမြေအတွင်း၌သီးပင်စားပင်များအနည်းငယ်မျှသာရှိသေးသည်။ ယခုအချိန်အခါသည် Loquats အသီးမှည့်သောကာလဖြစ်သည်။ လင်းဝမ်နှင့်လီယန်ချန်တို့သည် နေ့လည်ခင်း၌ ၎င်းတို့၏ဧည့်သည်များမရောက်လာမီ loquats သီးတချို့သွားခူးရန်ဆွေးနွေးနေခဲ့သည်။ လီယန်ချန် သည် နောက်ဆုံးတွင် လင်းဝမ်၏ကြိုက်နှစ်သက်မှုအချို့အားသတိထားမိလိုက်သလို ခံစားလိုက်ရသောကြောင့် ငြင်းဆန်ခြင်းမရှိပဲသဘောတူလိုက်သည်။

လင်းဝမ်သည် Chamomile နှင့် Loquat လက်ဖက် ရည်သောက်ချင်နေခဲ့သည်။ နွေရာသီအပူရှိန်အ တွက် မဖြစ်မနေသောက်သင့်သည့် ဖျော်ရည်မျိုးပင်။ သူ(မ)သည် များသောအားဖြင့် Chamomile လက်ဖက်ခြောက်ကို အခြေခံအသုံးပြုကာလတ် ဆက်သည့် Loquat သီးနှင့် လီမွန်သီးအနည်းငယ်အားမွှေးရနံ့အတွက်ပေါင်းထည့်လေ့ရှိသည်။ ထိုအ ရသာတွဲဖက်မှုသည် အံသြမှင်သက်လောက်အောင်ပင်လိုက်ဖက်ညီလှသည်။

သူ(မ)သည် ထင်ထားသည့်အတိုင်းပင် သူ့ တစ်ယောက်အတွက်သာလုပ်ချင်ခဲ့သည်။ လင်းဝမ်သည် သူ၏ မူလကမ္ဘာရှိနေ့စဉ်ဘဝဖြတ်သန်းနေ ထိုင်မှုအတွက် အသီးလက်ဖက်ရည်တစ်အိုးအား အမြဲပြင်ဆင်ထားလေ့ရှိသည်။ ရာသီပေါ်အသီးအနှံများဖြင့် အချိုရည်များပြုလုပ်ရသည်ကို သူ(မ)နှစ် သက်သည်။

လီကျို့ရွှမ်နှင့် သူ့ညီလေးနှစ်ယောက်သည် ဖခင်နှင့်အတူ Loquat သီးခူးဖို့အတွက် မလိုက်ချင်ကြပေ။ သူတို့အား အလုပ်ခိုင်းမည်ဆိုလျှင် အမြဲလိုမရှိသလိုလျစ်လျူရှုထားတတ်ကြသည်။

၎င်းတို့သုံးယောက်သည် လင်းကော်ကော်နှင့်အတူ ဥယျာဉ်ထဲတွင် တူတူပုန်းတမ်းကစားနေခဲ့သည်။

လူကြီးလေးယောက်သာ သီးပင်စားပင်များဆီသို့ ရောက်ရှိလာခဲ့သည်။ လင်းဝမ်သည် ယခုအဝတ် အစားများနှင့် သစ်ပင်ပေါ်တက်ရမည်ကိုစိုးရိမ်နေသည်။ မတော်တဆ သူ(မ)၏အောက်ပိုင်းပေါ်ကာ တခြားလူများမြင်သွားမည်ကိုမလိုချင်ပေ။ လီယန်ချန် သည် သူ(မ)လက်ထဲမှ ခြင်းတောင်းကိုလှမ်းယူလိုက်သည်။

အသုံးမ၀င်သောမိထွေးသည် လင်ပါသားများအား Reality TV Show သို့ခေါ်ဆောင်လာခဲ့သည်Where stories live. Discover now