🥦 Chapter 3

651 87 3
                                    

🥦 Chapter 3
🥦 Why Shouldn’t I Eat an Extra Ham Sausage?

လင်းဝမ်သည် ဘေးအိမ်မှထွက်ပေါ်လာသည့်အစားအသောက်အနံ့ကိုရလိုက်သည်။ သူ၏ တတိယမြောက်သားဖြစ်သူသည် တံခါးဘောင်ကိုမှီလျက် ခြံဝင်းထဲလှမ်းကြည့်နေသည်။

မျက်လုံးမှိတ်ထားပြီး ဘာမှမပြောဘဲငြိမ်သက်နေသည့် အကိုကြီးဆုံးဖြစ်သူနှင့် စိတ်ဆိုးနေသည့်ပုံစံဖြင့် ဆန္ဒပြကန့်ကွက်နေသည့် ဒုတိယအကိုဖြစ်သူ လီကျို့ရှင်းတို့နှင့် နှိုင်းယှဉ်ကြည့်ပါက အလတ်လေးသည် မျက်စိပိုနောက်ကာ သဘောထားသေး သိမ်သည့်ပုံစံဖြစ်နေခဲ့သည်။

"အန်တီ ဟင်းစချက်တော့မှာလား ? တီဗီမှာ တိုက် ရိုက်ထုတ်လွှင့်နေပြီနော်"

လင်းဝမ်သည် ကားထဲနေ့တစ်ဝက်နီးပါးလောက်ထိုင်နေပြီးနောက် ယခုအခါ သူမအားဟင်းကူချက်ပေးရန်အတွက် တစ်စုံတစ်ယောက်ကိုအပူတပြင်းရှာတွေ့ဖို့လိုအပ်နေပြီဖြစ်သည်။

'ဒါ ရယ်စရာမကောင်းဘူးလား ? မိဘတစ်ယောက်အနေနဲ့ ဒီ Show ကိုတက်ရောက်ပေးဖို့ ငါ သဘော တူခဲ့တာလေ၊ ဘာလို့ သူတို့က အခုမှလာပြီး ငါ့ကို ချက်ပြုတ်ပေးဖို့ ဒီလောက်ထိ အတင်းတိုက်တွန်းနေကြရတာလဲ ??'

သို့သော် သူမသည် ၎င်းတို့အားလုံးဝငြင်းဆန်လို့မရခဲ့ချေ။ ထို့အပြင် ပေါက်စလေးသည် မိသားစုထဲမှ သူ့အားစကားပြောသည့် တစ်ဦးတည်းသောလူသား လေးဖြစ်နေပြန်သည်။ သူ(မ)အား နွေးနွေးထွေး ထွေးနှင့်စကားပြောလာကတည်းက ခက်ခဲသည့်အလုပ်ကိုရအောင်ကြိုးစားဖို့ ဆုံးဖြတ်ပြီးသားပင်ဖြစ်သည်။ သူ စတင်ကာ မီးမွှေးဖို့ကြိုးစားသော် လည်း နာရီဝက်ကြာသည်အထိ မီးမွှေးလို့မရခဲ့ဘဲပင်ပန်းစပြုလာသည်။

“ချက်ပြီးသွားပြီ”

လို့နောက်ဆုံး သူ(မ)ပြောလိုက်သည်။

၎င်းသည် 'We Are Very Ordinary' တိုက်ရိုက်ထုတ်လွှင့်မှု၏ ပထမဆုံးအစားအသောက်ဖြစ်လာသည်။ ကျန်သည့်မိသားစုလေးစုလုံးသည် အရသာရှိသည့်ဟင်းလျာများကို ချက်ပြုတ်စားသောက်ခဲ့ကြသည်။ သို့သော်လင်းဝမ်သည် အိတ်ထဲဖိသိပ်ထည့်လာခဲ့သည့် ဘီစကွတ်၊ ဝက်ပေါင်ခြောက်နှင့် ဝက်အူချောင်းအနည်းငယ်ကိုထုတ်ယူလိုက်သည်။

အသုံးမ၀င်သောမိထွေးသည် လင်ပါသားများအား Reality TV Show သို့ခေါ်ဆောင်လာခဲ့သည်Where stories live. Discover now