🥦 Chapter 10

180 27 0
                                    

🥦 Chapter 10 : She Must Be Very Good in A Certain Aspect

 
"ကောင်းပြီလေ" ဟု သူ တုံ့ပြန်လိုက်သည်။ လင်းဝမ်သည် သူ(မ)၏လက် အားစိတ်မပါစွာဖြင့်ပွတ်သက် နေခဲ့ပြီး တံခါးရှေ့ရှိခုံတန်းသေးသေးလေးပေါ်တွင် ထိုင်လျက် သူ(မ)၏ လင်ပါသားများအလုပ်ကြိုးစား လုပ်နေသည်ကိုထိုင်ကြည့်နေလိုက်သည်။
 
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ ရုတ်တရက်တိတ်ဆိတ်သွားပြီးနောက် စခရင်တခုလုံး [?] များဖြင့်ပြည့် နှက်သွားတော့သည်။
[??????]
 
[???]
 
[?]
 
[ချမ်းသာတဲ့သူတွေရဲ့ ကလေးကို သင်ကြားပေးတဲ့ပုံစံကအတော်လေးကွဲပြားတာပဲ။]
[သူတို့သားသမီးတွေရဲ့ ရှေ့ရေးအတွက် ထိန်းကျောင်းပေးတာလဲ ဖြစ်ကောင်းဖြစ်နိုင်တာပဲလေ။ အိမ်မှာ ကလေးတွေ စားချင်တာကျွေးပြီးသေချာဂရုစိုက်ပြီးတော့ သူတို့ လိုချင်တာရော လိုအပ်တာရောအကုန် ဖြည့်ဆည်းပေးတာ။]
[အစ်မတို့ရေ၊ ဓားတစ်ချောင်းလောက်ပေးကြပါလား ? ငါ လင်းဝမ်ကို copper wire လုပ်ပစ်ချင်လို့]
 
[သူတို့ကလေးရဲ့ထိန်းကျောင်းလေ့ကျင့်ပေးနေတဲ့ပုံစံကို မိဘတွေကနမူနာယူထားသင့်တယ်။ ဒါက မိသားစုအချင်းချင်းဆက်နွယ်နေတဲ့ရသစုံရှိုးတစ်ခုဆိုတာ မမေ့ကြနဲ့ဦး]
[ကလေးတွေပဲ သင်ယူလိုနေတာမဟုတ်ဘူး။ အိမ်ရှင်မတစ်ယောက်အနေနဲ့ကော တူညီတဲ့လေ့လာမှု လုပ်ဖို့မလိုအပ်ဖူးလား ? အထူးသဖြင့် သူ(မ)က အိမ်မှာဘာမှလုပ်စရာမလိုဘူးဆိုရင်ပေါ့]
[ကလေးအမေ အနားမှာမရှိတော့တဲ့အခါ သူတို့အဖေက သားသမီးတွေထပ် သူတို့ရဲ့s*x ကိစ္စကိုသာ ရှေ့တန်းတင်နေကြတုန်းပဲ။ ဒီကလေးလေးတွေ အရမ်းသနားဖို့ကောင်းတာပဲ။]
[ဒီကိစ္စနဲ့ပတ်သတ်ပြီး မင်းတို့ အရမ်းကြီးစိတ်ပူနေစရာမလိုဘူးလို့ ငါ ထင်တယ်။ သူတို့က ဇာတ်ညွှန်း အတိုင်းသရုပ်ဆောင်နေကြတာလေ၊ အဲ့လိုမှမလုပ်ရင်လည်း ဒီရှိုးကဘယ်လိုလုပ်နာမည်ကြီးနိုင်မှာလဲ?]
 
[အမှန်ပဲ ! ငါတို့ လင်းဝမ်ကို ဆူပူကြိမ်းမောင်းပြီးအပြစ်ရှာလေလေ လူတွေက သူ့ကိုပိုအာရုံစိုက်လာလေ လေပဲ]
 
ထိုင်ချလိုက်ပြီးနောက် လင်းဝမ် မှတ်ချက်များကိုကြည့်ရှုရန်အချိန်ရလာခဲ့သည်။ သူ(မ) မျှော်လင့်ထား သလိုပင် ကြည့်ရှုသူများ၏ပြစ်တင်ဝေဖန်နေသည့် ကောမန့်များကိုဆက်တိုက်မြင်နေရသည်။ လူတိုင်း ၏မှတ်ချက်တချို့ထဲ သူ(မ)သည် 'ရှုထောင့်တချို့' တွင် ယခုထက်ပိုပြီးကောင်းမွန်ရမည်ဟုပင် မှတ် ချက်ပေးနေကြသည်။
လင်းဝမ်လည်း လက်ရှိဖြစ်နေသည့်အခြေအနေကို အနည်းငယ်သံသယရှိလာသည်။ လီယန်ချန်သည် ခင်ပွန်းကောင်းတစ်ယောက်ဖြစ်ပြီး ၎င်း၏ဇနီးသည်ကို အလွန်ချစ်ခင်မြတ်နိုးသူဖြစ်သည်။ တခြားမည် သူတစ်ဦးတစ်ယောက်ကိုမှ ထပ်မချစ်နိုင်လို့ တစ်ကိုယ်တည်းနေခဲ့ပြီးမှ ဘာ့ကြောင့် ယခုခန္ဓာကိုယ်၏ မူလပိုင်ရှင်နှင့်လက်ထပ်ခဲ့ရသနည်း ? အကယ်၍ မူလပိုင်ရှင်သည် အဆိုပါ 'ရှုထောင့်'တွင်ကောင်းမွန်ခဲ့ ပါက၊ ဒီည...."
လင်းဝမ်သည် ထိုကိစ္စတွေကိုတွေးရင်း စိတ်မသက်မသာဖြင့် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထား လိုက်သည်။ ဒါတွေကိုသာ သူ(မ)စောစီးစွာကြိုသိခဲ့လျှင် အရာအားလုံးကိုလျစ်လျူရှုပြီး မိသားစုနှင့် သင့် လျော်သောဆက်ဆံရေးရရန်ကြိုးစားခဲ့မည်မဟုတ်ချေ။ ရှက်စရာကောင်းတဲ့ဖြစ်စဉ်ကို ဖြတ်ကျော်ဖို့ရာ သူ(မ)စိတ်ပူပန်နေမိပြီး သူ့ဇနီးဖြစ်သူက သူနှင့်တစ်လခွဲကြာလက်ထပ်ပြီးချိန်ထိ အပျိုဖြစ်နေဆဲဆိုတာ သိလိုက်ရသည်။
'အဲဒါကို သူ ဘယ်လိုသွားပြီးရှင်းပြရမှာလဲ ? ပြန်ကောင်းသွားပြီလို့ ပြောလိုက်ရမှာလား ? ဘယ်လိုပဲ ကြည့်ကြည့် ဒါ ဆင်ခြေတစ်ခုလိုမျိုးပဲ !' လင်းဝမ် အဝေးသို့သာ ပြေးထွက်သွားလိုက်ချင်တော့သည်။
 
လီယန်ချန်သည် ထပ်ကာစိုးရိမ်နေသည့်ပုံစံဖြစ်နေသော လင်းဝမ်၏မျက်နှာကို တချက်လှမ်းကြည့်လိုက် ပြီး သူ(မ)အား ကင်မရာရှေ့မှရုန်းထွက်လို့ရအောင်ဖန်တီးပေးခဲ့သည်။
[မင်းတို့ သူ ပြောတာကြားလိုက်ကြလား ? လီယန်ချန်က လင်းဝမ်ကို အခန်းထဲမှာသွားပြန်အိပ်ခိုင်းနေ တယ်!]
 
[လီယန်ချန်က ငါတို့ ရွှမ်ရွှမ်လေးကိုများ ချက်ပြုတ်ပေးဖို့အတွက်တောင်းဆိုမှာများလား ? ငါ သူ့ကို တိုက်ခိုက်ရလိမ့်မယ်! တကယ်လို့ သူသာ ရွှမ်ရွှမ့်ကိုချက်ပြုတ်ခိုင်းရင် ငါ ချန်ရှင်းကုမ္ပဏီကနေ ဘာမှ မဝယ်တော့ဘူး။ သူ့တို့ကို boycott လုပ်ပစ်မယ်]
 
"နာနေလား ? ဖေဖေ ပလာစတာကပ်ပေးမယ်"
 
ထို့နောက် သူ့အိတ်ကပ်ထဲမှ ပလာစတာအားထုတ်ယူလိုက်သည်။ မနက်ခင်းတုန်းက စားသောက်ပြီး နောက် ဆေးဆိုင်မှ ဆေးပစ္စည်းအချို့ကိုဝယ်လာခဲ့သည်။
လီကျို့ခိုင်သည် လက်မောင်းတွင် သူ့အဖေကပ်ပေးလိုက်သည့် ပလာစတာကို ထိကြည့်လိုက်ပြီးနောက် လီယန်ချန်၏လည်ပင်းကို သိုင်းဖက်ထားလိုက်တော့သည်။
 
"ဖေဖေ၊ အနာက သွေးမထွက်ဘူး၊ ဒါပေမယ့် နည်းနည်းတော့နာနေသေးတယ်။ သားအလုပ်တွေလဲ အကုန်ပြီးပြီဆိုတော့ အန်တီနဲ့အတူ သွားနားလို့ရမလားဟင် ? အန်တီကို သားရဲ့ ပုံပြင်တွေပြောပြ ချင်တယ်"
လီယန်ချန်၏မျက်လုံးများ အနည်းငယ်ပြူးကျယ်သွားသည်။ ကောင်လေး၏ တောင်းဆိုချက်သည် သူ့ အား အနည်းငယ်အပြစ်ရှိနေသလိုခံစားရသည်။ လင်းဝမ်သည် အစီအစဉ်မစတင်မှီ နောက်ဆုံးမိနစ်တွင် အလုပ်ကိစ္စဖြင့်အချိန်မှီရောက်မလာနိုင်သည့် သူ့ကိုယ်စား အစားထိုးပါဝင်ရန်လက်ခံခဲ့ခြင်းအတွက် အံ့သြသင့်မိသလို ကျေးဇူးတင်မိသည်။ သို့သော် သူ့သားတွေကို သူ(မ)အားနှောင့်ယှက်ခွင့်ပေးလိုက် ခြင်းကသင့်တော်မည်ဟုမထင်။ လီမိသားစုသည် သူ(မ)အတွက်လှောင်အိမ်မဟုတ်ပဲ လုံခြုံသည့်အမိုး အကာတစ်ခုသာဖြစ်စေရမည်။ သူ(မ)အား ကလေးများကိုပြုစုစောင့်ရှောက်ရမည်ဆိုသည့် တာဝန် ဝတ္တရားအောက်မှာ မထားချင်ပေ။
လီယန်ချန်သည် သားဖြစ်သူအား ဖျောင်းဖျရန်အကြောင်းပြချက်ပေးဖို့စဉ်းစားနေချိန် လင်းဝမ်ဆီမှ လီကျို့ခိုင်၏တောင်းဆိုမှုကိုလက်ခံကြောင်းပြောဆိုသည်ကိုကြားလိုက်ရသည်။ လင်းဝမ်တွင် သူ့ကိုယ် ပိုင်အကြောင်းပြချက်နှင့် သူ ရှိနေသည်။
 
"အန်တီ၊ အန်တီက အကောင်းဆုံးပဲ!"
 
လီကျို့ခိုင် ဝမ်းသာအားရလက်ခုပ်တီးလိုက်သည်။ ဒီကောင်လေးမှာလည်း သူ့အစီအစဉ်နဲ့ သူ ရှိပြီးသား ပင်။
 
လီယန်ချန် အံ့အားသင့်သွားသည်။ သို့သော် သားဖြစ်သူကိုမတားလိုက်မှီမှာပဲ ကောင်လေးသည် လင်းဝမ်၏လက်ကိုကိုင်ကာ အိမ်ထဲသို့ဝင်သွားခဲ့ပြီဖြစ်သည်။
 
သို့သော် ဝဝကစ်ကစ်ကောင်လေးသည် လမ်း၌ စုဝေနှင့် ရှုရှောင်ရှောင်တို့နဲ့လက်ချင်းကိုင်ထားသည်ကို တွေ့လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
 
ထူထူသည် သူတို့နှစ်ဦးလမ်းလျောက်လာတာကိုမြင်လိုက်သည်နှင့် မြေပြင်ပေါ်ထိုင်ကာငိုနေခဲ့သည်။
 
"ဖေဖေ၊ သား ဒီမိန်းမကို မုန်းတယ်။ မေမေ့ကိုပဲ ပြန်လာစေချင်တယ်၊ သူက သားမေမေ မဟုတ်ဘူး!"
 
[ခုနကပဲ ဖက်တီးလေးက ကျဲ့ကျဲ့နဲ့အတူတူပျော်ပါးနေကြတာမဟုတ်ဖူးလား ? အခု သူ အိမ်ပြန်ရောက် တာနဲ့ ဘာလို့ ငိုနေရတာလဲ ? ]
[လီယန်ချန်က သူ့မိန်းမကိုဆုံးရှုံးလိုက်ရလို့ လင်းဝမ်ကို လက်ထပ်ခဲ့တာတော့ ငါ နားလည်နိုင်ပါသေး တယ်။ ဒါပေမယ့် စုဝေကျတော့ကော ရှုရှောင်ရှောင်ကိုလက်ထပ်ဖို့ သူ့ဇနီးကိုစွန့်ပစ်လိုက်တာလေ။ အဲ့ဒါကြောင့် ဒီအခြေနေကို ကလေးက ဘယ်လိုမှ လက်မခံနိုင်တာပဲနေမှာ။]
 
[ငါ ဆိုရင်လည်း ငါ့ မိဘနဲ့ပဲ အတူနေချင်တယ်]
[ရှုရှောင်ရှောင်ရဲ့ဘဝက သာယာမနေပါဘူး၊ ဒီကောင်ဆိုးလေးက လီမိသားစုရဲ့ကလေးသုံးယောက် ထက်တောင် ထိန်းရတာပိုခက်မဲ့ပုံပဲ]
 
[ရှုရှောင်ရှောင်ကိုမြင်ရတာ သနားလာပြီ]
 
"ထူထူ၊ သားရဲ့Ultraman ကတ်လဲပေးပါ Show မှာ လိမ်လိမ်မာမာနေပါ့မယ်လို့ ဖေဖေ့ကိုကတိပေးခဲ့ တာ မဟုတ်ဖူးလား ?"
 
စုဝေသည် လွန်ခဲ့သည့်ရက်အနည်းငယ်ကတည်းက သားဖြစ်သူ၏အပြုအမူကြောင့် ပင်ပန်းနွမ်းနယ်နေ ခဲ့သည်။
 
ရှုရှောင်ရှောင်ကို သူ အိမ်ခေါ်လာတိုင်း ထူထူ စိတ်ဆိုးနေခဲ့သည်။ ကလေးဘဝအတွက် ပြောင်းလဲမှု အသစ်များနှင့်လိုက်လျောညီထွေဖြစ်အောင်လုပ်ဖို့ အချိန်တစ်ခုတော့ယူရမည်ဟု သူတွေးထားပြီးဖြစ် သဖြင့် သူ စိတ်ရှည်ရှည်နှင့်စောင့်နေပေးခဲ့သည်။
သို့သော် ရှုရှောင်ရှောင်သည် ထူထူနှင့် သူ့မိသားစုအပေါ်ဘယ်လောက်ပင် နွေးနွေးထွေးထွေး ဆက်ဆံ ပေးနေပါစေ ထူထူက သူ(မ)အားအမြဲတစေလျစ်လျူရှုထားသည်။ သူ့ဇနီးဟောင်းကလည်း ထိုကိစ္စနှင့် ပတ်သတ်ပြီးသံသယဖြစ်နေပြန်သည်။ သူတို့၏ ကွာရှင်းမှုသည် အေးအေးဆေးဆေးနှင့်ပြီးဆုံးသွားခဲ့ ခြင်းမဟုတ်ပေ။
 
"ဒီမိန်းမကို သား မလိုချင်ဘူး၊ မေ့မေ့ကိုပဲ ပြန်ခေါ်ပေး၊ သူ လုပ်ထားတဲ့ အစားအစာတွေကလည်း ဘာတစ်ခုမှ အရသာမရှိဘူး ပြီးတော့ ဖေဖေ့ကို သားဆီကနေအဝေးကိုရောက်အောင် လုယူနေတာ"
ထူထူ ပြောရင်းရှိုက်ကာငိုနေခဲ့သည်။
 
"အဲ့ဒါ မမှန်ဘူး! ဒီနေ့ ဖေဖေ သားအတွက်ချက်ပြုတ်ပေးမယ် ဟုတ်ပြီလား ? သား ဘာစားချင်လဲ ?"
စုဝေ မေးလိုက်ပြီးနောက် ခေါင်းကိုငုံကာ ထူထူခေါင်းကိုချစ်စနိုးဖြင့်ပုတ်လိုက်သည်။
 
"မေမေ လုပ်ကျွေးတဲ့ ငါးချိုချဉ်ပဲစားချင်တယ်၊ မေမေ့ကိုပဲ လိုချင်တယ်။ ဒီမိန်းမက သားမေမေ မဟုတ်ဘူး"ဟု ထူထူ ပြောရင်းငိုနေခဲ့သည်။
 
"ဖေဖေ ကျေးဇူးပြုပြီး သူ့ကို ဒီကနေမောင်းထုတ်လိုက်ပါ၊ သား သူ့သားမဖြစ်ချင်ဘူး!" ဟု ထူထူ အော်ဟစ်ကာ ဆက်လက်ငိုကြွေးနေခဲ့သည်။
ကြည့်ရှုနေကြသည့်ပရိသတ်များသည် ရှုရှောင်ရှောင်၏ အရှက်သိက္ခာနှင့်ဝမ်းနည်းမှုများကို ဖန်သားပြင် မှတစ်ဆင့်ခံစားနေကြရသည်။
 
[ထူထူ ၊ ဒီလောက်လူပေါင်းများစွာကြည့်နေတဲ့  Show ရှေ့မှာ ဒီအမျိုးသမီးကို လက်မခံဘူးလို့ပြောနေ တာလား ? ]
[ထူထူတို့မိသားစု ဒီအစီစဉ်ကနေနှုတ်ထွက်လောက်မယ်လို့ မင်းတို့ ထင်ကြလား ?]
 
[အဲ့ဒါတော့ ပြောရခက်တယ်၊ အခုမှ နှစ်ရက်ပဲရှိသေးတာလေ ဒါပေမယ့် ဒီလိုသာအချိန်တိုင်းဖြစ်နေရင် ဘယ်သူမှ သည်းခံနိုင်မှာမဟုတ်ဘူး]
 
[စုဝေက ရှုရှောင်ရှောင်ကို နှစ်ရက်အတွင်း သူ အလုပ်ကိစ္စနဲ့ခရီးထွက်စရာရှိတယ်လို့ပြောနေတာလား ? ရှုရှောင်ရှောင်တစ်ယောက်တည်း အဲ့ကလေးကို ဘယ်လိုထိန်းနိုင်မှာလဲ ?]
 
[ဘုရားရေ၊ အမြစ်ကို အပေါ်ကိုဆွဲလှန်လိုက်သလိုပဲ]
"ထူထူ သား စားချင်တာအားလုံး အန်တီ ချက်ကျွေးနိုင်တယ်" ဟု ရှုရှောင်ရှောင်က နူးညံညင်သာစွာ ပြောလာသည်။
 
"သား အရမ်းကြိုက်တဲ့ ငါးချိုချဉ်ဖြစ်အောင် အန်တီ ကြိုးစားပြီးချက်ကျွေးမယ်လေနော်။ သားမေမေ ချက်သလိုတော့ အားလုံးဘယ်တူနိုင်ပါ့မလဲ ? အန်တီချက်တာလည်း အရသာရှိပါတယ်။ တစ်ခါလောက် စမ်းမစားကြည့်ချင်ဘူးလား ? အန်တီတို့ ရေကန်ထဲသွားပြီး ငါးအတူတူသွားဖမ်းကြမယ်လေ။ သားကိုယ် တိုင်ဖမ်းတဲ့ ငါးကမှ ပိုအရသာပိုရှိမှာနော်!"
 
...
 
စုဝေသည် အပြစ်ရှိသည့်မျက်လုံးများဖြင့် သူ(မ)အားစိုက်ကြည့်လိုက်သည်။
"Okay" ထူထူက မျက်ရည်စများကို သုတ်ရင်းပြောလိုက်သည်။
"ဒါပေမယ့် အဲ့ဒါကမကောင်းဘူးဆိုရင် အန်တီ ထွက်သွားရမယ်!"
 
[သနားဖို့ကောင်းတဲ့ရှုရှောင်ရှောင်ကတော့ အလုပ်ကိုကြိုးကြိုးစားစားလုပ်နေတော့တာပဲ]
 
[သူရဲ့အလိုဆန္ဒအတွက်ကြောင့် လူ တစ်ယောက်ကိုလက်ထပ်ဖို့ကြိုးစားခဲ့တာလေ ဒီလို ရှက်စရာအဖြစ် ကနေ ဒါကို သူ ဘယ်လိုကျော်ဖြတ်မလဲ ? ]
 
[သူ့ကိုယ့်သူ မလေးစားတာလား ? ]
 
[စုဝေ ထွက်သွားပြီးနောက်ပိုင်း ဘာတွေဆက်ဖြစ်လာနိုင်မလဲ ? ]
 
[ငါတို့က အခြားလူရဲ့ကံဆိုးမှုတွေမှာ ပျော်မွေ့နေကြတယ်လို့ မထင်မိဘူးလား ? ]
သားဖြစ်သူ ရှုရှောင်ရှောင်ကိုငြင်းပယ်နေခြင်းထပ် ဖန်သားပြင်ပေါ်ရှိမကောင်းသည့်မှတ်ချက်များက စုဝေအားပိုလို့ဝမ်းနည်းစေခဲ့သည်။
 




အသုံးမ၀င်သောမိထွေးသည် လင်ပါသားများအား Reality TV Show သို့ခေါ်ဆောင်လာခဲ့သည်Where stories live. Discover now