🥦 Chapter 11

291 33 0
                                    

🥦 Chapter 11 : Remove The Mask Before Sleeping

မနေ့ညက စုဝေသည် ထိုကိစ္စနှင့် ပတ်သတ်ပြီးရှုရှောင်ရှောင်နှင့်ပြောနေခဲ့သေးသည်။ သူ(မ)အား ယခု Show မှနှုတ်ထွက်ရန် အကြံပြုခဲ့သော်လည်း ရှုရှောင်ရှောင်ကတော့ ပြတ်ပြတ်သားသားပင်ငြင်း ဆန်ခဲ့သည်။ လူအများစုသည် သူ(မ)အားမကောင်းသည့်မှတ်ချက်များပေးနေကြောင်း သိနေပေမယ့်လည်း ထိုနေရာမှထွက်ပြေးသွားခဲ့ပါက ယခုအခြေနေထပ်ပိုဆိုးသွားလိမ့်မည်ဖြစ်သည်။ လူတိုင်းကိုရော အထူးသဖြင့် သူကိုယ်တိုင်ရော ထိုနေရာမှ လွယ်လွယ်ကူကူ နှုတ်ထွက်တတ်သူတစ်ယောက်မဟုတ်ကြောင်းသက်သေပြသချင်ခဲ့သည်။ သူ(မ) သာ စိတ်ရှည်ရှည်နှင့်သည်းခံပေးနိုင်ပါက ထူထူလေးသေချာပေါက် သဘောကျလာလိမ့်မည်ဟုယုံ ကြည်ထားသည်။

စုဝေသည် Show မှ ရှုရှောင်ရှောင်နှုတ်ထွက်ရန်ဆန္ဒမရှိသောကြောင့် အတင်းဖိအားပေးတာမျိုးမလုပ်တော့ချေ။

လန်ရွာတွင်ရှိသော ငါးကန်သည် အစစ်မဟုတ်ပေ။ ၎င်းသည် လူသားများဖန်တီးထားခြင်းပြီး အလွန်နက်တာမျိုးမဟုတ်သလို ကြီးမားလွန်းနေတာလဲမဟုတ်သည့် ရေသိုလှောင်ကန်အတုသာဖြစ်သည်။ ရေ၏မျက်နှာပြင်သည် လုံးဝငြိမ်သက်နေပြီး ကန်ထဲတွင် ငါးတစ်ကောင်မှမရှိချေ။ သို့သော် ပွဲစီစဥ်သူများသည် ကန်ကိုသန့်စင်ပြီး အထဲမှရေကိုလဲ လှယ်ခဲ့သည်။ ၎င်းတို့သည် ကန်၏ရေစီးကြောင်းကို ထိန်းသိမ်းထားပြီး မိသားစုများအတွက် ငါးအချို့အားရေကန်ထဲတွင်ထည့်ပေးထားကြသည်။ ထိုရွာတွင် ငါးရှိသည့်တစ်ခုတည်းသောကန်ဖြစ်သည်။

Wheatley မိသားစုသည် နေ့လယ်စာအတွက် ငါး ကင်ပြုလုပ်ရန်စီစဉ်နေသောကြောင့် Wheatley ၏ မိဘများသည် သူ(မ)ကို ငါးဖမ်းရန် ရေကန်သို့ခေါ်ဆောင်လာခဲ့ကြသည်။

အားကစားနည်းပြတစ်ယောက်ဖြစ်သူ မိုက်ခ်၏ ခန္ဓာကိုယ်အချိုးအဆစ်သည် ရိုးရိုးရှင်းရှင်းနှင့်ကြည့်ကောင်းလှသည်။ ထိုအမျိုးသားသည် ဘောင်း ဘီတိုနှင့် လက်ပြတ်တီရှပ်ကို ၀တ်ဆင်ထားပြီး ၎င်း ၏ကြွက်သားအဖုထစ်များထွက်နေသည့် ခြေ ထောက်များနှင့်ဝမ်းဗိုက်ကြွက်သားများက မိုက်ခ်သည်သန်မာပြီး အားကိုးရမည့်သူတစ်ယောက်ဟုအထင်ကြီးစေသည်။

အသုံးမ၀င်သောမိထွေးသည် လင်ပါသားများအား Reality TV Show သို့ခေါ်ဆောင်လာခဲ့သည်Where stories live. Discover now