🥦 Chapter 2

673 91 0
                                    

🥦 Chapter 2
🥦 He Didn’t Even Lift the Lid off the Pot

လင်းဝမ်၏နှလုံးသားသည် နူးညံပျော့ပျောင်းသွားသည်။ 'ဒါ.. တိုက်ရိုက်ထုတ်လွင့်ပြသတဲ့အစီအစဉ်တစ်ခုပဲလေ...'

လင်းဝမ်သည် သူ(မ)၏ယခင်ကမ္ဘာ၌ Streamer တစ်ယောက်ဖြစ်ခဲ့ဖူးသည်။

သူ(မ)၏ငယ်ဘ၀၌ဆင်းရဲဒုက္ခများစွာကြုံတွေ့ခဲ့ရသည်။ လင်းဝမ်သည် မိဘများကွာရှင်းပြီးနောက် ပိုင်း၌ တစ်ယောက်ထံမှ အခြားတစ်ယောက်ထံသို့ အကြိမ်ပေါင်းများစွာစွန့်ပစ်ခံခဲ့ရသည်။ ကွာရှင်းပြီးနောက် မိဘဆရာအစည်းအဝေးပွဲများတွင် အဘိုး အဘွားများသည်  မိဘများအစားတက်ရောက်ပေးခဲ့ရသည်။ အဘိုးအဘွားများဆုံးပါးသွားသည့် နောက် သူ့ထံ အားကိုးစရာမည်သူမှမရှိခဲ့ပေ။

လင်းဝမ်သည် အခြေအနေကိုနားလည်သဘော ပေါက်ပြီ လက်ထောက်ချင်ကိုသဘောတူလိုက်သည်။ သူ(မ)၏ ဗီရိုထဲတွင် အစီစဉ်နှင့်လိုက်ဖက်မည့်အားကစားဝတ်စုံတစ်စုံကို ထုတ်ဝတ်လိုက်ပြီး ဆံပင်ကိုမြင်းမြီးဏ္ဍာန်ခပ်မြင့်မြင့်စည်းထားလိုက်သည်။ Reality Show တွင် ယခုလိုသာ ဝတ်ဆင်သင့်သည်ဟုထင်သည်။ လင်းဝမ်၏ ပုံံစံကိုမြင်ရသည်မှာ ငယ်ရွယ်နုပျိုနေကာ လန်းဆန်းတက်ကြွ သည့်ပုံစံပေါက်နေသည်။

လင်းဝမ်သည် တကယ့်လက်တွေ့ဘဝတွင် သူ(မ) ၏ကျန်းမာရေးကို ထိန်းသိမ်းရန်အလွန်အရေးကြီးနေပြီဖြစ်သည်။ သူ ရရှိထားသည့် ငွေကြေးအများစုကိုအသားအရေထိန်းသိမ်းဖို့်အတွက် ကောင်းမွန်သည့်ထုတ်ကုန်များကိုသာအသုံးပြုခဲ့သည်။ တစ်ခါ ကအွန်လိုင်းပေါ်တွင်ပြောဆိုထားသည့် ဗီဒီယိုဖိုင်တစ်ခုတွင် အမျိုးသမီးတစ်ယောက်၏မျက်နှာသည်  McLaren နှင့် အဆင်ပြေတယ်ဟုတွေ့လိုက်သည်။  သို့သော် ထိုအကြောင်းအရာသည် အနည်းငယ်ချဲ့ကားပြောဆိုထားသလိုဖြစ်နေပေမဲ့လည်း တချို့အကြောင်းအရာတွေကတော့ မှန်ကန်လောက်မည်ဟုသူထင်သည်။ လင်းဝမ်သည် အလှအပကိုထိန်း သိမ်းရခြင်းကိုကြိုက်နှစ်သက်သူဖြစ်သည်။ သူ(မ) ၏အသားအရေမှာဖြူဖွေးနေပြီး အပြစ်အနာအဆာကင်းစင်သည်။ သူ(မ)ကိုမြင်ရသည်မှာ ကလေးမျက်နှာလေးလို နူးညံသည့်အသားအရေကို ပိုင်ဆိုင်ထားပြီးငယ်ငယ်ရွယ်ရွယ်နှင့် အရမ်းနုပျိုနေသည့်ပုံစံပေါ်နေသည်။

အသုံးမ၀င်သောမိထွေးသည် လင်ပါသားများအား Reality TV Show သို့ခေါ်ဆောင်လာခဲ့သည်Where stories live. Discover now