🥦 Chapter 1

1.5K 115 14
                                    

🥦 Chapter 1
🥦 Forced to open for business

မနက်ခင်းနေရောင်ခြည်သည် မှန်ပြတင်းပေါက်မှတစ်ဆင့်ကျယ်ပြန့်သည့်ကြမ်းပြင်ထက်ဝယ် အလင်းတန်းများ ဖြာကျနေသည်။ ဤသည်မှာ နေ့သစ်တခုကို Energy အပြည့်ဖြင့်စတင်ဖို့ခွန်အား မဟုတ်ပါလား ?

လင်း၀မ်သည် ဇိမ်ခံအိမ်ကြီးပေါ်ရှိ အိပ်ခန်းရှေ့လသာဆောင်တွင် တိတ်ဆိတ်ငြိမ်သက်စွာထိုင်နေခဲ့ပြီး သူရှေ့မှာ တော့ သေးငယ်သည့်အဖြူရောင်ကြွေစားပွဲ၀ိုင်းတစ်ခု၊ လက်ဖက်ရည်ပူပူတစ်အိုးနှင့် ဖန်ခွက်တစ်ခုထဲဘယ်ရီသီးများထည့်ကာ ချထားသည်။

လင်း၀မ်သည် သူရဲ့နဖူးကိုလက်ဖြင့်ကာလျှက် မနက်ခင်းနေရောင်ခြည်ကိုလျစ်လျူရှုပြီး လက်ဖက်ရည် တစ်ငုံမော့သောက် လိုက်ပြီး ဖန်ခွက်ထဲမှ ဘယ်ရီသီးများကိုပါးစပ်ထဲသို့ခပ်မြန်မြန်ထည့်လိုက်ကာ ဆက်ကာမိန်းမောနေလိုက်သည်။

လင်း၀မ်သည် ကျန်းမာရေးကိုဂရုမစိုက်ခဲ့သည့်အတွက်ကြောင့် သူမအသက်(၂၀)၀န်းကျင်သာရှိသေး ပေမယ့် အသက် (၅၀) လောက်ရှိနေပြီဟုခံစားနေရသည်။ သူ(မ)၏လုပ်ဖော်ကိုင်ဖက်များက အနက် ရောင် ဘလူးဘယ်ရီသီးကိုစားပါက စင်ဒရဲလား လိုလှပလာလိမ့်မည်ဟုပြောသောကြောင့် သူ(မ) စားနေခဲ့ခြင်းဖြစ်သည်။ သူ(မ)၏ မူလမျက်နှာသည် မှုန်မှိုင်းကာစိတ်တိုနေသည့် ပုံပေါ်သည်။

သူ(မ) ဒီကိုရောက်တာ သုံးရက်ခန့်ရှိပြီဖြစ်ပြီး ညတိုင်းအိပ်မပျော်သည့်အတွက် အဆုံးမှာ လသာဆောင် ဘက်ထွက်ကာ ဝတ္ထုဖတ် ရန်ဆုံးဖြတ်လိုက်သည်။

ထိုညများ၌ သူ(မ) မည်သူ့ကိုမှဂရုမစိုက်ပဲ ၀တ္ထုထဲကိုရောက်သွားသည်အထိ ပြီးဆုံးအောင်စိတ်ပါ၀င် စားစွာဖတ်နေလိုက်သည်။

သူမသည် ဝတ္ထုထဲတွင် ကလေးသုံးယောက်၏မိထွေးဖြစ်လာခဲ့ပြီး ထိုမိထွေး၏ဖော်ပြချက်မှာအလွန်ရှား ပါးသည်။ စာရေးဆရာ သည် သူ(မ)၏ဇာတ်ရုပ်ကိုဖော်ပြဖို့အတွက် အချိန်အများကြီးမပေးခဲ့မှန်း သိလာရပြီး ဒီဇာတ်လမ်းထဲအရေးမပါသည့်ဇာတ်ကောင် ဖြစ်မှန်းသိလာရသည်။ မူရင်းစာရေးဆရာ၏ အာဘော်ကိုပြသရန် အချိန်ပေးဖို့စိတ်မပါတာမျိုးလဲဖြစ်နိုင်သည်။ စာရေးဆရာသည် ၀တ္ထုထဲတွင် လင်း၀မ်အနေဖြင့် ပြဿနာလုပ်လာနိုင်ကြောင်း နိမ့်ကျသည့်ထင်မြင်ယူဆချက်ရှိနေပုံရသည်။ သို့ဖြစ်ရာ မိထွေး၏ ဇာတ်ရုပ်ကို ဝတ္တုထဲလက်တွေ့ကျကျမဖော်ပြထားဟု သူ(မ)ခံစားမိသည်။
တကယ့်လက်တွေ့ဘ၀မှာ လက်ထပ်ပွဲတောင်မလုပ်နိုင်ခဲ့မှန်းတွေးမိလိုက်တဲ့အခါ သူ(မ)ရဲ့ပေါင်ကို လက်နဲ့ဆွဲစိတ်လိုက်ပြီး ဒါက အစစ်အမှန်မဟုတ်ဘူးဆိုတာကို ယုံကြည်အောင်ကြိုးစားလိုက်ရသည်။

အသုံးမ၀င်သောမိထွေးသည် လင်ပါသားများအား Reality TV Show သို့ခေါ်ဆောင်လာခဲ့သည်Where stories live. Discover now