🥦 Chapter 7

548 65 0
                                    

🥦 Chapter 7
🥦 Directing Children to Work
 
 

ကိုးနှစ်အရွယ်ထူထူလေးသည် အလွန်ပင်ရှက်ရွံ့နေပုံရသည်။ သူသည် လီကျို့ခိုင်နှင့် ဆက်ကစားချင် သေးသော်လည်း ရှုရှောင်းရှောင်း၏ဂနာမငြိမ်ဖြစ်နေသည့်ပုံစံကိုတွေ့ပြီးနောက် စိတ်ညစ်လာပြီး ဖခင် ဖြစ်သူအားတိုင်ကြားရန် အိမ်သို့အမြန်ပြေးသွားခဲ့သည်။

[ထူထူရဲ့ ခြေထောက်တိုတိုလေးတွေက လေထဲမှာ ဘီးတပ်ထားသလိုမျိုးတော့ဖြစ်တော့မယ်။]
[စုဝေက ဘယ်လိုလူမျိုးကိုရည်းစားတော်ထားတာလဲ ? သူ မျက်လုံးများကန်းနေတာလား ?]
 

[ ထူထူလေးက ရှုရှောင်းရှောင်းကိုမကြိုက်ဘူးလို့ ငါ ခံစားနေရတယ်။]
 

[အမလေး! အငယ်နှောင်းက အငယ်နှောင်းပဲဖြစ်လာမှာပဲ၊ သူ ဘယ်လောက်ပဲ ကောင်းအောင်လုပ်ပြနေ လဲ ဘယ်တော့မှ သဘောကျလာမှာမဟုတ်ဘူး။]
 

ရှုရှောင်းရှောင်း၏မျက်၀န်းတွင် မျက်ရည်စများစီးကျလာသည်။ ယခုအချိန်သည် တိုက်ရိုက်ထုတ်လွှင့် ပြသနေသည့်အတွက် သူ(မ)ငိုလိုက်လျှင် အခြေနေပိုဆိုးသွားမယ်ဆိုတာသိနေသောကြောင့် သူ(မ)၏ စကားလုံးများနှင့် မျက်ရည်များကိုဖုံးကွယ်ကာမျိုသိပ်လိုက်တော့သည်။ သူ(မ)သည် ထူထူနှစ်သက် သဘောကျလာစေရန်အကောင်းဆုံးလုပ်ပေးချင်ခဲ့သည်။ ဖွားဖွားစုဆီမှ အသိအမှတ် ပြုလာမည်ကိုလဲ မျှော်လင့်နေမိသည်။ တစ်လောကလုံးက သူ(မ)ကို မည်သို့မြင်နေသည်ကို သူ ကောင်းကောင်းသိသည်။ စုဝေ ကွာရှင်းပြတ်စဲခဲ့သောအချိန်ကာလသည် သိပ်မကြာသေးသဖြင့် သူ နှလုံးသားများသည်အေးစက် နေသောကြောင့် သူ(မ)အနေဖြင့်လည်း ၎င်းတို့မိသားစု၏သခင်မဖြစ်ချင်သည်ဟုမဆိုလိုပေ။
 

“ထူထူ အဆင်ပြေမှပြေရဲ့လားမသိဘူး ကျွန်မ သွားကြည့်လိုက်ဉီးမယ်” ဟု ဟန်ဆောင်ပြုံးပြပြီးပြော လိုက်သည်။
 

ထို့နောက် ရှုရှောင်းရှောင်းသည် လီမိသားစု၏ တိုက်ရိုက်ထုတ်လွှင့်မှုမှပျောက်ကွယ်သွားခဲ့သည်။

 
...

ရွာအနောက်ဘက်ရှိ ဟင်းသီးဟင်းရွက်စိုက်ခင်းထဲသို့ ရှောင်းယီတို့မိသားစုသည် စောစောစီးစီးရောက်ရှိ လာပြီး ခြင်းတောင်းထဲသို့ အသီးအရွက်တစ်ဝက်နီးပါးခူးဆွတ်ထားပြီးဖြစ်သည်။ ရှောင်းယီသည်အသက် (၁၉) နှစ်အရွယ်ခန့်ရှိပြီး လန်တက္ကသိုလ်၏ဝင်ခွင့်စာမေးပွဲတွင် လူသားချင်းစာနာထောက်ထားသည့် ဘာသာရပ်၌ ထိပ်ဆုံးနေရာရရှိခဲ့သည်ကျောင်းသားတစ်ဦးဖြစ်သည်။ ဖခင်ဖြစ်သူသည် မျက်လှည့်ဆရာ ရှောင်းထန်လင်းဖြစ်ပြီး မိခင်မှာအချိုပွဲပြင်ဆင်သည့်စားဖိုမှူးဖြစ်သည်။ မိသားစုငါးစုထဲတွင် ၎င်းတို့ မိသားစုသည် အချင်းချင်းအပေးအယူမျှတ၍ချဉ်းကပ်နိုင်ဆုံးသူများဖြစ်သည်။ ကောင်လေးသည် မျက် မှန်တပ်ထားပြီး နူးညံသိမ်မွေ့သည့်စိတ်နေစိတ်ထားရှိပုံပေါ်သည်။

အသုံးမ၀င်သောမိထွေးသည် လင်ပါသားများအား Reality TV Show သို့ခေါ်ဆောင်လာခဲ့သည်Opowieści tętniące życiem. Odkryj je teraz