🥦 Chapter 13

122 21 0
                                    


🥦 Chapter 13🥦 Li Yanchen 's Dainty Little Wife 


"အမ်!!!"

လီယန်ချန်သည် ခဏမျှအံ့အားသင့်သွားပြီးနောက် သားဖြစ်သူမှ ယနေ့အတွက် မိသားစုတစ်ခုရှိ ဧည့်သည်တစ်ဦးကို ရွေးချယ်လို့ရမည့်ကိစ္စနှင့်ပတ်သတ်သည့်စည်းကမ်းချက်များကို အတိုချုံးရှင်းပြ လိုက်ရာ ချက်ခြင်းပင် နားလည်သဘောပေါက်သွားသည်။

"အိုး!!!"

သူ ထလိုက်ပြီး ထိုင်ခုံအချို့ကို လိုက်ရှာလိုက်ကာ ဖိတ်ခေါ်ထားသည့်ဧည့်သည်များကို ထိုင်ခိုင်းလိုက် သည်။ ၎င်းတို့အား လီယန်ချန်၏ဆက်ဆံပုံသည် ရှူရှောင်းရှောင်းအား ပြောဆိုဆက်ဆံခဲ့သည့်ပုံစံနှင့် မတူပဲ ကွဲပြားခြားနေသည်ကို ရှမ်းမန်သတိထားမိသဖြင့် မူလတွေးထားသည့်သံသယများကို ချက်ချင်း ပင်ချေမှုန်းပစ်လိုက်တော့သည်။ မိသားစုနှစ်စုသည် အမှန်တကယ်ပင် အဆင်ပြေချောမွေ့စွာရှိနေခဲ့ သည်။

"သခင်ကြီးလီ၊ ငါ မင်းနဲ့ပတ်သတ်တဲ့အကြောင်းတွေကို ကြားနေတာတော့ကြာပါပြီ၊ နောက်ဆုံးတော့ အခုမှမင်းနဲ့ဆုံရတော့တယ်၊ မင်းက အပြင်မှာ ကြည့်ကောင်းတာပဲ"

လင်းထုန်သည် သူ့အားချီးမွန်းခန်းဖွင့်လိုက်သည်။

QW အရှေ့တရုတ်လုပ်ငန်းစု၏အရောင်းဒါရိုက်တာဖြစ်သည့် ရှန်းမန်သည် စီအီးအိုများ၊ စီးပွားရေးလုပ် ငန်းရှင်ကြီးများနှင့် မရေတွက်နိုင်လောက်အောင်တွေ့ဆုံဖူးခဲ့သော်လည်း လီယန်ချန်ကဲ့သို့ကြည့် ကောင်းပြီ' ထူးချွန်ထက်မြတ်သည့်သူမျိုးနှင့် တခါမှမဆုံခဲ့ဖူးကြောင်းအတိအကျပင်ပြောနိုင်သည်။

လီကျို့ရွှမ်သည် အစားကိုအနည်းငယ်သာစားလိုက်ပြီးနောက် ချက်ချင်းပင် ထိုနေရာမှထထွက်သွား တော့သည်။ လင်းဝမ်နှင့်လီယန်ချန်တို့ ဘေးချင်းကပ်ကာထိုင်နေကြသည်ကို လှမ်းမြင်လိုက်ရ၍ လီကျို့ရွှမ်မည်သို့မျှသည်းမခံနိုင်တော့ချေ။ သို့သော် ကင်မရာရှေ့၌ သူ၏ပုံစံကိုမရိပ်မိစေရန်ဟန်ဆောင် နေခဲ့ပြီး Show အတွက် သူ့ ဂုဏ်သိက္ခာကိုအတတ်နိုင်ဆုံးထိန်းထားခဲ့သည်။

အသုံးမ၀င်သောမိထွေးသည် လင်ပါသားများအား Reality TV Show သို့ခေါ်ဆောင်လာခဲ့သည်Where stories live. Discover now