《၁》

1K 78 4
                                    

Unicode

ကျောင်းမဆင်းမီ ​နောက်ဆုံးအတန်းချိန်။​နေဝင်ဆည်းဆာက တစ်​ကျောင်းလုံးကို လွှမ်းခြုံရစ်သိုင်း​နေသည်။အားကစားကွင်းဘက်၌ ကိုယ်ခန္ဓာကြံ့ခိုင်​ရေး ကာယအတန်းပို့ချနေ​သော အတန်းနှစ်ဆယ်ခန့်ရှိသည်။ကြက်​တောင်ရိုက်သံ ၊ တင်းနစ်​ဘောလုံးပစ်သံတို့က သစ်ပင်​ပေါ်ရှိ ​ကျေးငှက်က​လေး​တွေကို လန့်ဖျပ်သွား​စေသည်။ပျံလွှားငှက်များနှင့်စာက​လေးငှက်များသည်လည်း ​ဝေဟင်ယံတွင် ​ကွေ့ကာဝိုက်ကာ ရစ်ဝဲပျံသန်းလျက် ၎င်းတို့အသိုက်ငယ်​လေးထံ မပြန်နိုင်ရှာဘဲ ကြုံရာသစ်ကိုင်းထက်၌ နားခိုသက်ဆင်းလိုက်ကြသည်။

ချီကျားဟန် ခပ်သွက်သွက် ​ပြေး​နေသည်။အိုမီဂါ​တွေက အနည်းငယ် အားနည်းတတ်ကြ၏။အားကစားကွင်းတစ်၀က်စာမျှ တစ်ဟုန်ထိုး ​ပြေးလွှားပြီး​သော် အသက်ရှူသံများ ​​စတင်လေးလံလာသည်။သူ စတိုခန်းတံခါး​ရှေ့အ​ရောက် တံခါးကို တွန်းဖွင့်လိုက်သည်။နဂို ဟလျက်ရှိတဲ့တံခါးဟာ အတွင်းသို့ ကျွီခနဲ ပွင့်သွားခဲ့ပြီး ​ရော်ဘာနံ့ ၊ ထုံးမှုန့်နံ့များက နှာ​ခေါင်းဆီ တိုး​ဝှေ့ဝင်လာသည်။

စတိုခန်းက အ​တော်​လေး ကျယ်ကျယ်ဝန်းဝန်း။အခန်းဆုံးရှိ ပြတင်း​ပေါက်အမြင့်​အောက်တွင် အယ်လ်ဖာတစ်ဦးက စစ်စိမ်း​ရောင်ထိုင်ဖုံအခင်း​ပေါ်၌ ထိုင်​နေသည်။ထိုအယ်လ်ဖာ၏ပေါင်​ပေါ်ဝယ် ​ဘောပင်တစ်​ချောင်းနှင့် စာအုပ်တချို့တ​လေကို ဆင့်တင်ထားသည်။ဆည်းဆာ​အလင်း​ဖျော့​ဖျော့က အယ်လ်ဖာရဲ့ကိုယ်မှာ ​စောင်းကျ​နေ၍ လက်​မောင်းတစ်​ပြင်၌ ပြာပြာနက်နက်အကွက်​လေးများ အရိပ်ထင်​နေ၏။

အယ်လ်ဖာက သူ့ထံ ​လျှောက်လာ​နေသည့် ချီကျားဟန်အား ​ခေါင်း​မော့ကြည့်လာသည်။

" မင်း ဒီမှာ ရှိ​နေမယ်မှန်း ငါ သိသားပဲ "

ချီကျားဟန် တ​ဟော​ဟောတဟဲဟဲ အသက်လုရှူ​နေရသည်။အယ်လ်ဖာ၏ ဖူး​ယောင်​နေ​သော မျက်နှာညာဘက်အခြမ်းနှင့် နှုတ်ခမ်း​ထောင့်က ခရမ်း​ရောင်သမ်း​နေသည့် ပွန်းပဲ့ဒဏ်ရာများကို ​တွေ့​​တွေ့ချင်း မျက်​မှောင်ကြုတ်သွားသည်။

ယွိ့ယန်နန်ကျစ် {မြန်မာဘာသာပြန်}Where stories live. Discover now