《၆》

274 44 3
                                    

Unicode

အင်္ဂါ​နေ့ ​နေ့လယ်ခင်း။ချီကျားဟန် လက်​တွေ့စမ်းသပ်မှုအတန်းက​နေ ပြန်လာခဲ့သည်။စာသင်​ဆောင်ဒုတိယထပ်မှာ လမ်း​လျှောက်​နေတုန်း ရွှီကျယ့်​နောက်​ကျောကို ရိပ်ခနဲ မြင်လိုက်ရသည်မို့ ​တဒင်္ဂမျှ အံ့သြသွားခဲ့ပြီး ခပ်​သော့​သော့​လေး အမီ​ပြေးလိုက်ကာ ရွှီကျယ့်ကို ဖမ်းဆွဲသည်။

" မင်း ခွင့်မတိုင်ခဲ့ရဘူးမလား "

ရွီကျယ်က လှည့်ကြည့်သည်။နှုတ်ခမ်းတို့က ဖြူ​ဖျော့​ဖျော့။မျက်နှာက ပုံမှန်မဟုတ်စွာ နီ​စွေး​နေသည်။မျက်​တောင်ရှည်ရှည်များကပါ ညွှတ်ကိုင်းစင်းကျ​နေ၏။အားအင်မရှိပုံ​ပေါ်​နေသည့်တိုင် မျက်ဆံအိမ်​တွေက ​တောက်ပ​နေဆဲ။ဒီတိုင်း အဖျား​လေး​ငွေ့​ငွေ့ရှိ​နေဟန်။

" ငါ မနက်ပိုင်းအတွက်ပဲ ခွင့်တိုင်ခဲ့တာ "

ရွှီကျယ့်အသံက အက်ရှရှ။

" အခုက ​နေ့လယ်ခင်း​ရောက်​နေပြီ "

​ခေါင်းပါသည့် မည်သူမဆို အခု ​နေ့လယ်ခင်း​ရောက်​နေမှန်း သိပါ၏။ချီကျားဟန် မျက်လုံးကို အသာမှိတ်လိုက်သည်။

" မင်း Susceptible period မှာ​တောင် ​နေ့တစ်၀က်ခွင့်ပဲ ယူခဲ့တာလား "

" နှစ်၀က်​စစ်​ဆေးမှုရှိတယ် "

ရွှီကျယ့်ဦး​နှောက်တုံ့ပြန်မှုက အနည်းငယ် ​နှေး​ကွေး​နေသ​ယောင်။စကားရပ်သွားပြီးမှ ဖြည်းဖြည်းချင်း ဆက်​ပြောလာသည်။

" ဒီ​နေ့ ​ရေကူးအတန်းမှာ စာသင်နှစ်၀က်စစ်​ဆေးမှုရှိတယ် "

" အဲဒါ အစား​ထိုးဖြေဖို့ ​လျှောက်လို့ရတယ်​လေ။ စာ​မေးပွဲ​မေးခွန်းလွတ်မှာစိုးရိမ်ဖို့လည်း မလိုဘဲနဲ့။ မင်းက Susceptible period ​၀င်​နေတဲ့ဥစ္စာ ၊ ဆရာက ​​သေချာ​ပေါက် ခွင့်ပြု​ပေးမှာပါ "

ချီကျားဟန်ရဲ့စကားက အလွန် ယုတ္တိတန်သည် ၊ နည်းလမ်းကျ​သည်။ရွှီကျယ် ​ရှောင်တိမ်းရမည့် လွတ်​ပေါက်ကို မ​တွေ့။ခဏတစ်ဖြုတ် နှုတ်ဆိတ်သွားခဲ့​သော ရွှီကျယ်က တစ်ဖန် ဆိုလာပြန်သည်။

" ငါ ​ဒီ​နေ့စစ်​ဆေးမှု​ကို ဖြေချင်တယ် "

" ဘာကိစ္စ ဒီ​နေ့မှဒီ​နေ့ဖြစ်​နေတာလဲ။ ဒီ​နေ့​ရေကူးအတန်းမှာ မင်း သ​ဘောကျတဲ့သူရှိ​​​နေလို့လား။ ရှိတယ်ထားဦး ၊ သူ့ကို ဖူး​ယောင်​နေတဲ့မျက်နှာ ၊ ဒဏ်ရာရ​နေတဲ့မျက်နှာကြီးနဲ့ သွား​တွေ့ချင်​နေတာလား။ မင်း ​ကောင်း​ကောင်းကန်းကန်း လုပ်မပြနိုင်ဘဲ စစ်​ဆေးမှုကို ကျလာရင် အမြတ်နဲ့အရှုံးက မ​ထေမိဘူး​နော် "

ယွိ့ယန်နန်ကျစ် {မြန်မာဘာသာပြန်}Where stories live. Discover now