《၁၁》

258 54 4
                                    

Unicode

အင်္ဂါ​နေ့ ၊ ​​ရေကူးအတန်းချိန်။ခန်းမ​ဆောင်ထဲ၌ ရွှီကျယ် အဝတ်လဲဗီရိုကတ်တစ်ကတ်ကို ​ရွေးယူလိုက်သည်။ယ​နေ့ သူ ယူခဲ့မိ​သော အဝတ်လဲခန်းနံပါတ်က (၆) ဖြစ်၏။

ယခင်အပတ်က နှစ်၀က်စစ်​ဆေးမှု ပြီးဆုံးခဲ့ပြီဖြစ်ရာ ဤတစ်ပတ်​ရေကူးအတန်းချိန်တွင် ​ကျောင်းသား​တော်​တော်များများက အလျိုလျို ခွင့်ယူသွားကြသည်။ကာယဆရာသည်လည်း ယင်းကိစ္စကို မျက်စိစုံမှိတ်​ပေးထားလျက် စစ်​ဆေးမှုကျရှူံးခဲ့​သော ​ကျောင်းသားများကိုသာ အာရုံစိုက်ထားသည်။အခြားလူ​တွေအ​ပေါ် သိပ်တင်းကြပ်ခြင်း မရှိလှ။သို့နှင့် ​ရေကူးရုံတစ်ခုလုံးက ခါတိုင်းအတန်းချိန်များထက် လူသူကျဲပါး​နေသည်။

ရွှီကျယ်ဟာ ​ရေကူးအတန်းချိန်သို့ မဖြစ်မ​နေကြီး လာရန် မလိုအပ်ပါသည့်တိုင် ​ရှေ့ကအတန်းတစ်ချိန် ဆင်းဆင်းချင်း ​ကျောပိုးအိတ်ကို သိမ်းလို့ ​ရေကူးကန်ဆီ ​ရောက်လာခဲ့သည်။

အဝတ်လဲခန်းအချို့​ရှေ့က​နေ ဖြတ်​လျှောက်လာသည့်တိုင်​အောင် ရွှီကျယ် လူများများစားစား မ​တွေ့ရ။အင်္ကျီအ၀တ်အစား လဲလှယ်ရင်း စကားစမြည်​ပြော​နေကြသည့် အယ်လ်ဖာတစ်ဦးစ ၊ နှစ်ဦးစမျှလျှင် ရှိ၏။အဝတ်လဲခန်းနံပါတ် (၆) ရဲ့တံခါးထံ ရွှီကျယ် ရပ်လိုက်​သောအခါ ရုတ်ခြည်း မျက်စိ​ကျိန်းသွားခဲ့သည်။ခေါင်မိုးအလင်း၀င်​ပေါက်ကတစ်ဆင့် ဖြာကျ​နေ​သော ​ရွှေအို​ရောင်​နေခြည်တန်းဟာ အကြီးကျယ်ဆုံး ​တောက်ပ​နေသည်။​နေ၀င်ဆည်းဆာက ခုံတန်းရှည်များ ၊ အ၀တ်လဲဗီရိုများထက်တွင် အစက်အ​ပြောက် အကွက်ငယ်​လေးများသဏ္ဍာန် အရိပ်ထွန်းလင်း​နေခြင်း။

စူးရှရှ​နေ​ရောင်​အောက်၌ အရပ်ရှည်ရှည် ၊ ကိုယ်ခန္ဓာ​​တောင့်​တောင့် အယ်လ်ဖာတစ်ဦးက ရွှီကျယ့်ကို ​ကျော​ပေး၍ မတ်တပ်ရပ်​နေသည်။အနှီသူက ​ကျောင်း၀တ်စုံတီရှပ်ကို ချွတ်ရန် လက်​မြှောက်လိုက်၏။

လက်​မောင်းနှင့်​နောက်​ကျောကြွက်သားများက အသက်ပြင်းပြင်း ရှူသွင်း​နေ​သော လှုပ်ရှားမှုအညီ ​ရွေ့လျားဆန့်တန်းသွားသည်။ရွှီကျယ် သူကိုယ့်သူ ဘာလုပ်​နေမိလဲဆိုတာ သ​​ဘောမ​ပေါက်ခင်အထိ ကြက်​သေ​သေ မှင်တက်​နေခဲ့သည်။​ကျောပိုးအိတ်သိုင်းကြိုးကို ခပ်တင်းတင်း ဆုပ်ကိုင်ရင်း သတိလက်လွတ် ​ရှေ့ဆက်လှမ်းရန် ပြင်အံ့ဆဲဆဲ တံခါး​ဘေးရှိ ဆိုင်းဘုတ်တွင် ချိတ်ထားသည့် အနီ​ရောင်စာလုံးက ရွှီကျယ့်ကို သတိကပ်​စေလိုက်သည်။ဤအ၀တ်လဲခန်းက စင်စစ်ကို နံပါတ် (၆) တည်း။

ယွိ့ယန်နန်ကျစ် {မြန်မာဘာသာပြန်}Where stories live. Discover now